ဘင်္ဂလားဒေရှ့်၌ ဖမ်းဆီးခံခဲ့ရသည့် မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦး မြန်မာပြည် ပြန်ခွင့်ရ

အောက်တိုဘာ ၁၇

ပြီးခဲ့တဲ့လက ဘင်္ဂလားဒေရှ့်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေအကြောင်းကို ဂျာမန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ GEO အတွက် သတင်းရယူနေတဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက စက်တင်ဘာ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ ဝင်ရောက်ခဲ့တယ်ဆိုကာ ဗီဇာစည်းမျဉ်းချိုးဖောက်မှုနဲ့ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ကို ရက်သတ္တပတ် နှစ်ပတ်လောက် ချုပ်နှောင်ထားခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းကနေ ထွက်ခွာခွင့် မပြုခဲ့ပါဘူး။

ဒါပေမယ့် သူတို့နှစ်ဦးကို မြန်မာပြည်ပြန်ခွင့် ရရှိသွားပြီလို့ သူတို့နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ Jyotirmoy Barua က သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ယနေ့မွန်းလွဲပိုင်းက ရေးသားထားပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံက ထွက်ခွာနိုင်ခဲ့ပြီလို့ သူက ရေးသားထားပါတယ်။

သူတို့နှစ်ဦးရဲ့ရှေ့နေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar