Auntie Anne’s ဆိုင်ခွဲ ရန်ကုန်၌ ပထမဆုံး ဖွင့်လှစ်တော့မည်

အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ ဆိုင်ခွဲပေါင်း ၁,၈၀၀ ကျော် ဖွင့်လှစ်ထားတဲ့ Auntie Anne’s ကို ရန်ကုန်မြို့မှာလည်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Anne’s ဟာ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဆိုင်ရှိ လူမြင်ကွင်း မီးဖိုချောင်တွင် လတ်ဆက်စွာ ပြုလုပ်ထားတဲ့ လက်လုပ်မုန့်တွေကြောင့် လူသိများပါတယ်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Auntie Anne’s ဆိုင်ခွဲကို လာမယ့် လများအတွင်း ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး လာမည့် ငါးနှစ်အတွင်း ဆိုင်ခွဲတွေကို တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ Yoma Strategic က ကြေညာပါတယ်။

Yoma Strategic Holdings Ltd. (Yoma Strategic) နဲ့ Auntie Anne’s ရဲ့ မိခင်ကုမ္ပဏီဖြစ်သူ FOCUS Brands Inc., (FOCUS Brands) တို့ဟာ လက်လုပ် Pretzel အပျော့ရောင်းချသည့် ကမ္ဘာပေါ်ရှိ အကြီးဆုံး Franchise ဖြစ်သည့် Auntie Anne’s ကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားကြပါတယ်။

“ကျွန်တော်တို့အနေဖြင့် ဈေးကွက်တွင် လတ်ဆက်စွာ ဖုတ်ထားသည့်မုန့်တွေ များပြားတိုးတက်လာသည်ကို တွေ့မြင်နေရပါတယ်။ မြန်မာ့ရိုးရာ မုန့်ပဲသရေစာတွေကို လမ်းများရှိ ဆိုင်ခန်းများတွင် ရောင်းချနေမှုများ ပျံ့နှံ့ များပြားနေသော်လည်း နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ် ရောက်လာခြင်းဖြင့် ပြည်တွင်း စားသောက်ကုန်ဈေးကွက်ကို ပိုမိုပြည့်စုံစေမှာဖြစ်ပါတယ်” လို့ Yoma Strategic ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Melvyn Pun က ပြောပါတယ်။

Auntie Anne’s အနေနဲ့ အာရှဒေသမှာ ထပ်မံတိုးချဲ့နိုင်ခြင်းနဲ့အတူ လတ်ဆတ်စွာ ပြုလုပ်ထားတဲ့ လက်လုပ် Pretzels တွေကို မြန်မာနိုင်ငံသို့ ယူဆောင်လာနိုင်သည့်အတွက် အလွန်စိတ်လှုပ်ရှားမိတယ်လို့ FOCUS Brands ရဲ့ SVP နဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Ken Chen ကပြောပါတယ်။

Auntie Anne’s ဟာ KFC နဲ့ Little Sheep Hotpot တို့နှင့်အတူ Yoma အစားအစာနှင့် အဖျော်ယမကာဆိုင်ရာ စီးပွားရေးလုပ်ငန်း တိုးချဲ့မှုမှာ ပါဝင်လာမှာဖြစ်တယ်လို့ Yoma က ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ စားသုံးသူပုံစံနဲ့ မြန်မာနိုင်ငံ လူလတ်တန်းစားတွေရဲ့  ဝင်ငွေ မြင့်မားလာမှုတို့အပေါ် အခြေခံပြီးတော့ Yoma အစားအစာနှင့် အဖျော်ယမကာက ဦးတည် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူလတ်တန်းစား တိုးပွားလာမှုဟာ ၂၀၂၂ ခုနှစ်မှာ ၁၀ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

“ကျွန်တော်တို့ရဲ့ အစားအစာနှင့် အဖျော်ယမကာကဏ္ဍကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဈေးနှုန်းသင့်ပြီး အရည်အသွေးကောင်းတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းအမှတ်တံဆိပ်ပေါင်း ခြောက်ခုဖြင့် ဆိုင်ခွဲပေါင်း ၁၂၅ ခု အထိ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ Mr. Pun က ပြောကြားသည်။

Yoma အစားအစာနှင့် အဖျော်ယမကာကနေ လက်ရှိမှာ KFC ဆိုင်ခွဲပေါင်း ၂၆ ဆိုင်ဖွင့်လှစ်ထားပြီးဖြစ်သလို Little Sheep ဟော့ပေါ့ဆိုင်ကိုလည်း မကြာမီ ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.