ကွယ်လွန်သူတွေအတွက် ခိုနားရာမဲ့နေတဲ့ရွာ

ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ဖို့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြသူတွေဟာ ကွယ်လွန်ခဲ့ရင်တောင် သူတို့အတွက် သုဿန်မြေမရှိ ဖြစ်နေပါတယ်

အက်စတာ 

သြဂုတ်လ အစောပိုင်းက ကိုချမ်းမြေ့ဦးရဲ့ သမီးနဲ့ တူလေးတစ်ယောက်တို့ဟာ သူတို့အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုရဲ့ နောက်ဘက်က ရေအိုင်တစ်ခုမှာ ကစားရင်း ရေနှစ်သေဆုံးခဲ့ကြပါတယ်။

သူတို့နေထိုင်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာ တပ်မတော်နဲ့ KIA တိ့ု တိုက်ပွဲတွေပြင်းထန်လာချိန် ၂၀၁၆ ခုနှစ်မှာ သူတို့မိသားစုဟာ မြစ်ကြီးနားမြို့နယ်က ငွေပျော်စံပြကျေးရွာကို ပြောင်းရွှေ့နေထိုင်နေကြတာပါ။

ငွေပျော်စံပြကျေးရွာဟာ စစ်ဘေးရှောင်တွေကို ပြန်လည် နေရာချထားပေးထားတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ ၁၅ မိုင်လောက် ကွာဝေးပါတယ်။ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ၂,၀၀၀ လောက်ဟာ အဲဒီကျေးရွာမှာ နေထိုင်နေကြပါတယ်။

သမီးနဲ့ တူလေးကို ဆုံးရှုံးရလို့ ပူဆွေးသောကရောက်နေရတဲ့ ကိုချမ်းမြေ့ဦးအတွက် နောက်ထပ် အခက်အခဲတစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ ကွယ်လွန်သွားတဲ့ သမီးနဲ့ တူလေးကို မြှပ်နှံဖို့နေရာတာပဲ ဖြစ်ပါတယ်။ ငွေပျော် စံပြကျေးရွာမှာ သခိၤျုင်း မရှိပါဘူး။ ရွာသူ ရွာသားတွေ သေဆုံးသွားရင် မြေဝယ်ပြီး မြှပ်နှံကြရပါတယ်။ မြေဝယ်ဖို့ မတတ်နိုင်သူတွေကတော့ ဝါးရုံထဲတွေနဲ့ အဆင်ပြေတဲ့ နေရာတွေမှာပဲ လိုက်လံမြုပ်နှံကြရပါတယ်။

ရေနစ်ပြီး သေဆုံးခဲ့တဲ့ကောင်လေးရဲ့ မိခင်ဖြစ်သူ ဒေါ်ယောဆန်းနုက သေဆုံးသွားတဲ့ ကလေးတွေကို မြှုပ်နှံဖို့ မြေနေရာကို နာရီပေါင်းများစွာ ကြာအောင် ရှာဖွေခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ့်သားသမီး ဒီလိုဆုံးတဲ့အချိန် ဘယ်မှာ သဂြိုလ်ရမှာလည်းပေါ။့ ကိုယ့်ခြံမှာ သဂြိုလ်မယ်ဆိုလည်း သူများက မကြိုက်ဘူး။ အိမ်ခြံဝန်းမှာ သဂြိုလ်မယ်ဆိုလည်း ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့” လို့ ဒေါ်ယောဆန်းနုက ပြောပါတယ်။

နောက်ဆုံးမှာတော့ မြှုပ်နှံဖို့အတွက် မြေတစ်ကွက်ကို ကျပ် ၁၂၀,၀၀၀ ပေးပြီးမှ ရရှိခဲ့တယ်လို့ ကိုချမ်းမြေ့ဦးက ဆိုပါတယ်။

Hkawng Nuk | Frontier

Hkawng Nuk | Frontier

“ကလေးနှစ်ယောက် မြေမြှုပ်သဂြိုလ်တာ ကပ်ပြီး သဂြိုလ်ရတာ။ ရောင်းတဲ့လူက တစ်ပေခွဲအတိုင်းအတာဆိုတာ တစ်အား ကပ်လွန်းတယ်။ ရွာမှာလည်း သချိုင်းမြေမရှိဘူး။ ကိုယ်က မြုပ်ချင်တာက ရွာမှာမြှုပ်ချင်တယ်” လို့ သူကပြောပါတယ်။

ငွေပျော်စံပြကျေးရွာကို တပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေဖြစ်ပွားအပြီး ၂ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ  တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ စစ်ဘေးရှောင်တွေကို စတင် နေရာချထားပေးခဲ့ပါတယ်။  မိုးသည်းထန်စွာ ရွာသွန်းရင် အင်ခိုင်ဘွမ်တောင်က စီးဆင်းလာတဲ့ ရေတွေက ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ နန်းကွေ့ချောင်းထဲကို စီးဝင်သလို နန်းကွေ့ချောင်းကလည်း ရေကြီးလေ့ရှိတာကြောင့် ရွာကလည်း ရေကြီးမှုဒဏ်ကို ခံရလေ့ရှိတယ်လို့ ရွာသားတွေက ဆိုပါတယ်။

လမ်းခင်းဖို့အတွက် မြေတူးစက်နဲ့ တူးဖော်ထားတဲ့မြေကွက်နေရာမှာ ရေတွေပြည့်နေချိန် ကလေးငယ်နှစ်ယောက် ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရွာတည်ပြီးချိန်ကတည်းက ကွယ်လွန်သူ ၁၆ ဦး ရှိနေပြီဖြစ်ပြီး ကျေးရွာထဲမှာ မြှုပ်ထားတဲ့သူ ခုနစ်ဦး ရှိတယ်လို့ ရွာသားတွေက ဆိုပါတယ်။ ရွာမှာ သုဿန်အတွက် မြေနေရာမရှိသေးတဲ့အတွက် အစိုးရထံက တောင်းခံပေမယ့် အဆင်မပြေသေးဘူးလို့ ရွာလူကြီး ဦးတောင်းဆာက ပြောပါတယ်။ တောင်သူတွေ အသုံးမပြုတဲ့ မြေနေရာကို သုဿန်အတွက် ရှာဖွေနေရတာကလည်း စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

“ကျွန်တော်တို့က ဆက်တောင်းနေတာ။ မြစ်ကြီးနားမြို့နယ်ထွေအုပ်ကတော့ တစ်နေရာရာကို ရအောင်လုပ် ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်အချိန်ဆိုတာက မသိရသေးဘူးပေါ့” လို့ သူကပြောပါတယ်။

ပြည်နယ်အစိုးရထံ တင်ပြထားပေမယ့် အခုချိန်ထိတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ မြေနေရာတစ်ခုခု ပြန်မပေးသေးဘူးလု့ိ  မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲ့ရေး စာရင်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးဂျော်ခွမ်က ဆိုပါတယ်။

ဦးတောင်းဆာကတော့ သုဿန်အတွက် မြေနေရာရရှိဖို့ ကြိုးစားနေဆဲဖြစ်ပြီး အဲဒီကိစ္စက အကြီးမားဆုံး ဦးစားပေးကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။

“သေဖို့အတွက်တောင် ကြောက်ရတဲ့အဆင့် ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သေရင် အနီးအနား ဝန်းကျင်မှာ မြှုပ်ရမယ့်နေရာမရှိဘူး” လို့ သူက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ: Hkawng Nuk | Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.