ကရင်နီဒေသရဲ့ တိုက်ပွဲတွေကြားမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ဒီလို အခက်ခဲကြားမှာ လုပ်ကိုင်နေရင်းနဲ့ သဘာ၀ဘေးအန္တရာယ်ကို ထပ်မံရင်ဆိုင်ရတဲ့အခါ ဘယ်လို ရှင်သန်နေကြရပါလဲ။ ဒီရုပ်သံကို အလွတ်တန်းသတင်းထောက်တင်စိုးနဲ့ ဒို့အသံအဖွဲ့သားတွေက ပူးပေါင်းတင်ဆက်ထားပါတယ်။
နိုင်ငံတကာဝယ်လိုအား ကျဆင်းမှုနဲ့အတူ စစ်ကော်မရှင်ရဲ့စီးပွားရေး စီမံခန့်ခွဲမှုအလွဲတွေကြောင့် မတ်ပဲဈေးတွေ ကျဆင်းနေပြီး ဧရာဝတီတိုင်းက တောင်သူတွေ အကြွေးနွံတွေကြား နေ့စဥ်စားဝတ်နေရေးအတွက် အခက်တွေ့နေကြပါတယ်။
Rachel Moon ရေးသားသည်။