ရန်ကုန်မြို့တွင် ငှားရမ်းနိုင်သည့် ရုံးခန်းနေရာ နှစ်ဆတိုးလာ

ရန်ကုန်မြို့လယ်တွင် Sule Square ရုံးခန်းအဆောက်အအုံ တည်ဆောက်ပြီးစီးနေမှုကို ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ- ဆန်းဦး

ရန်ကုန်မြို့လယ်တွင် Sule Square ရုံးခန်းအဆောက်အအုံ တည်ဆောက်ပြီးစီးနေမှုကို ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ- ဆန်းဦး

ရုံးခန်းနေရာသစ် လိုအပ်မှုများပြားလာသည့် ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်အကုန်၌ ငှားရမ်းနိုင်သောနေရာ စတုရန်းမီတာ ၂၃၀,၀၀၀ အထိတိုးပွားလာခဲ့ကြောင်း Colliers International Myanmar က ထုတ်ပြန်ခဲ့သည်။ ထိုပမာဏသည် ၂၀၁၄ ခုနှစ်ကထက် နှစ်ဆပိုမိုများပြားလာခြင်း ဖြစ်သည်။

ဈေးကွက်ထဲတွင် ထပ်တိုးလာသည့် ငှားရမ်းနိုင်သောနေရာ စတုရန်းမီတာ ၁၃၀,၀၀၀ မှာ ၂၀၁၄ ခုနှစ်အကုန်က ပမာဏနှင့် တူညီနေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သော ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက် ရန်ကုန်ရုံးခန်းနေရာ ဈေးကွက် အစီရင်ခံစာတွင် Colliers က ပြောကြားထားသည်။

ယခုကဲ့သို့ နေရာလွတ်များ ရှိလာခဲ့ခြင်းမှာ လွန်ခဲ့သည့်နှစ်အတွင်း ရုံးခန်းပြုလုပ်နိုင်မည့် အဆောက်အအုံသစ် ရှစ်ခု တိုးလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ရန်ကုန်မြို့တွင် အကြီးမားဆုံး ရုံးခန်းနေရာဖြစ်လာသည့် HAGL Myanmar Center အဆောက်အအုံ ပြီးစီးခဲ့ပြီးနောက် ထပ်တိုးလာသည့်နေရာ အများစုမှာ မြို့တွင်းဧရိယာတွင် ဖြစ်ကြောင်း Colliers က ဆိုသည်။ ပြီးခဲ့သည့် နှစ်ဝက်တွင် ထပ်တိုးလာခဲ့သော ရုံးခန်းနေရာ အဆောက်အအုံသစ်များထဲတွင် ဗဟန်းမြို့နယ်ရှိ Maha Land Office နှင့် စမ်းချောင်းမြို့နယ်ရှိ Uniteam Office Tower တို့လည်း ပါဝင်သည်။

လက်ရှိတွင် ရုံးခန်းအဆောက်အအုံ ၁၄ ခု တည်ဆောက်နေဆဲဖြစ်ပြီး လာမယ့်နှစ်များတွင်လည်း အဆောက်အအုံသစ်များ ပေါ်ထွက်လာနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

“လာမယ့်အနာဂတ်မှာ ရုံးခန်းနေရာလွတ်က စတုရန်းမီတာ ၃၀၀,၀၀၀ ရှိလာနိုင်ပြီး အခုရှိနေတာထက် နှစ်ဆ ပိုမြင့်သွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်”လို့ Colliers က ပြောကြားသည်။

ယခုကဲ့သို့ အဆောက်အအုံသစ်များ ထွက်ပေါ်လာသည်နှင့်အမျှ အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ ယခုနှစ်အတွင်းပြီးစီးရန် လျာထားသည့် အဆင့်မြင့်အဆောက်အအုံသစ် ခြောက်ခုရှိသည်။

ပြီးခဲ့သည့်နှစ် စတုတ္ထနှစ်ပတ်လည်အတွင်း အဆောက်အအုံသစ်များ ထွက်ပေါ်ခဲ့သော်လည်း ရုံးခန်းနေရာဝယ်ယူမှုက ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Colliers ကဆိုသည်။ ၂၀၁၅ ခုနှစ်အတွက် ရုံးခန်းနေရာရယူမှုမှာ ၄၇ ရာခိုင်နှုန်း သို့မဟုတ် ၁၁၀,၀၀၀ စတုရန်းမီတာဖြင့် အဆုံးသတ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

“ရုံးခန်းနေရာ ရယူမှုမှာ အတက်အကျ ဖြစ်နေတာက ရန်ကုန်မြို့က အဆောက်အအုံ ဈေးကွက်လို တိုးတက်ဖွံ့ဖြိုးနေတဲ့ ဈေးကွက်အတွက်တော့ မဆန်းပါဘူး”ဟု Colliers ကပြောကြားထားသည်။ ခိုင်မာလာမည့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကြောင့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍသစ်တွေ၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ အာမခံ၊ ဘဏ်၊ စက်ရုံ၊ အစရှိသည်များကို တွေ့လာရလိမ့်မည်ဟု ပြောကြားထားသည်။

၂၀၁၅ ခုနှစ်အကုန်၌ တစ်မြို့လုံးတွင် ရုံးခန်းငှားရမ်းခသည် ပျမ်းမ ျှအားဖြင့် တစ်စတုရန်းမီတာလျှင် ၅၈ ဒသမ ၆၈ ဒေါ်လာရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ထက် ၁၇ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း- Frontier 

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.