အကြီးစားစက်ပစ္စည်း အငှားလုပ်ငန်းအတွက် Yoma Fleet နှင့် MSP CAT ပူးပေါင်း

မြန်မာနိုင်ငံအတွင် အကြီးစားစက်ပစ္စည်းများ အငှားလုပ်ငန်းဆောင်ရွက်ရန်အတွက် Yoma Fleet နှင့် MSP CAT တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့က စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြောကြားသည်။

ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက် (Yoma Strategic) ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး မော်တော်ကားများနှင့် အကြီးစား စက်ပစ္စည်းကိရိယာများအတွက် ဘဏ္ဍာရေး ပလက်ဖောင်းတစ်ခုဖြစ်သည့် Yoma Fleet က Myan Shwe Pyi Tractors Limited (MSP CAT) နှင့် မိတ်ဖက်အဖြစ် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံတွင် Caterpillar  အမှတ်တံဆိပ် အကြီးစား စက်ပစ္စည်းကိရိယာများ ရောင်းဝယ်ခွင့် မူပိုင်ရရှိထားသည့် MSP CAT ၏ လက်လီနှင့် ငှားရမ်းမှု စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့သွားမည့်အပြင် ဖောက်သည်များအတွက်လည်း  ဘဏ္ဍာရေးပံ့ပိုးမှုများ ပေးသွားမည်ဖြစ်သည်။ 

MSP CAT ၏ စက်ပစ္စည်းအငှားလုပ်ငန်းတွင် Yoma Fleet က အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့်ကို ဦးစွာ ထည့်ဝင်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းတွင် Caterpillar စက်ယန္တရားပေါင်း ၆၃ ခု အပါအဝင် အကြီးစား စက်ပစ္စည်းကိရိယာ ၇၁ ခု ပါဝင်သည်ဟု စက်တင်ဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့နှင့် MSPTL တို့၏ မိတ်ဖက်မှုကြောင့် MSPTL ၏ ကြီးမားသော ဖြန့်ချိရေးကွန်ယက်ကို လက်လှမ်းမှီနိုင်မည် ဖြစ်သည်” ဟု Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Melvyn Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“ယခုမိတ်ဖက်မှုကြောင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာများနှင့် အကြီးစား စက်ယန္တရားများအတွက် ပထမဦးဆုံး ငွေကြေးထောက်ပံ့ပေးသူ ဖြစ်လာပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၌ စက်ပစ္စည်းကိရိယာ ငှားရမ်းမှု လိုအပ်ချက် များစွာ ရှိလာမည်ဖြစ်သည့် အတွက် ယခုအချိန်သည် မိတ်ဖက်မှုအတွက် အကောင်းဆုံးအချိန်ဖြစ်သည်ဟုလည်း MSP CAT ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

“Yoma Strategic နှင့် MSP CAT တို့၏ မဟာဗျူဟာမြောက် မိတ်ဖက်မှုဖြင့် ကျွန်တော်တို့ ဖောက်သည်များ၏ စီးပွားရေး တိုးတက်အောင် ပံပိုးကူညီခြင်းသည် ၎င်းတို့၏ တောင်းဆိုမှု စကားသံများအပေါ် တုံ့ပြန် ဖြည့်ဆည်းလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ တိုးတက် များပြားလာရန် လိုအပ်ပြီး အစိုးရ၏ မူဝါဒအရ လက်ရှိတွင် အခြေခံအဆောက်အအုံစီမံကိန်း အများအပြားကို ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး Master Plan အရ ၂၀၃၀ ခုနှစ်တွင် အပြီးလုပ်ဆောင်မည့် ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းနှင့် လေကြောင်းပို့ဆောင်ရေး စီမံကိန်းများအတွက် ဒေါ်လာ ၂၁ ဒသမ ၄ ဘီလျံအထိ သုံးစွဲရန် အစိုးရက သတ်မှတ်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.