နှုတ်ဆိတ်သူတို့အကြား အောင်မြင်လာတဲ့ မြန်မာ့ဂဇက် သတင်းစာ

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကယ်လီဖိုးနီးယားမှာ ထုတ်ဝေခဲ့တဲ့ မြန်မာဘာသာ သတင်းစာဟာ ၂၀၁၀ မတိုင်ခင်က သတင်းစာပါ နိုင်ငံရေးသတင်းတွေကို ခါးခါးသည်းသည်း လက်မခံခဲ့သူတွေရဲ့ နှစ်ခြိုက်လက်ခံမှုကို ရသည်ထက် ပိုလို့ ပိုလို့ ရရှိနေပြီ ဖြစ်ပါတယ်။

ပီတာ ဂျင်ဆင် ရေးသားသည်။

အမေရိကန်နိုင်ငံရဲ့ အထင်ကရမြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ မြန်မာလူမျိုးပေါင်း ၃၀,၀၀၀ လောက် နေထိုင်ကြပြီး ဒါဟာ အမေရိကန်နိုင်ငံအတွင်း မြန်မာအများဆုံးရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီး ဆေးဘက်ဆိုင်ရာဘွဲ့နဲ့ မြန်မာနိုင်ငံရဲ့ စာပေနယ်ပယ်အတွင်း ညိုခက်ကျော် ကလောင်အမည်နဲ့ စာရေးသားသူ မဆွေဆွေဟာ ၂၀၀၅ ခုနှစ်က သူ့ အဒေါ်ကို ကြည့်ရှု စောင့်ရှောက်ဖို့ လော့အိန်ဂျလိစ်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ သူဟာ မြန်မာဂျာနယ်လစ်ဖြစ်သူ ဦးကြီးစိုးနဲ့ အိမ်ထောင်ကျခဲ့ပြီး ၂၀၀၆ ခုနှစ် ဇူလိုင်လမှာ ငွေကြေးထောက်ပံ့သူတစ်ဦးရဲ့ အကူအညီနဲ့  မန္တလေးဂေဇက်ကို ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အဲဒီလူက ဆက်မလုပ်တော့တဲ့အတွက် နာမည်ကို မြန်မာ့ဂဇက်လို့ အမည်ပြောင်းခဲ့ကြပါတယ်။

တကယ်တော့ တိုင်းတစ်ပါးမှာ မြန်မာသတင်းစာ ထုတ်ဝေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ “၂၀၁၀ မတိုင်ခင်က ဒီမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ နိုင်ငံရေးအကြောင်း ပြောဖို့ ကြောက်ကြတယ်”လို့ မဆွေဆွေက ဆိုပါတယ်။ “သတင်းစာကို အခမဲ့ဖြန့်ဝေတယ် ဆိုပေမယ့် နိုင်ငံရေးသတင်းပါလား၊ ပါရင်မယူဘူးလို့ အမြဲအပြောခံရတယ်”လို့ သူက ပြောကြားခဲ့ပြီး “၂၀၁၀ မှာတော့ လူတွေက နိုင်ငံရေးကို စိတ်ဝင်စားလာကြပြီး အရင်ငြိမ်နေတဲ့သူတွေကလည်း ကျွန်မတို့ သတင်းစာကို ပိုပြီး စိတ်ဝင်စားလာခဲ့ကြတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး ဆိုရှယ်လစ်လမ်းစဉ်ကို ကူးပြောင်းတဲ့ ၁၉၆၂ ကစပြီး နိုင်ငံသားတချို့ဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြပါတယ်။ အဲဒီမူဝါဒအရ အစိုးရဟာ ချမ်းသာကြွယ်ဝသူတွေရဲ့ မြေနေရာ၊ လုပ်ငန်း အထူးသဖြင့် အိန္ဒိယနဲ့ တရုတ်တို့ရဲ့ လုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြတယ်။ ဒါကြောင့်လည်း ဒီလူမျိုးတော်တော်များများဟာ နိုင်ငံက စွန့်ခွာပြီး အထူးသဖြင့် အခြားအာရှနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံကို သွားရောက်ကာ အခွင့်အလမ်းသစ်တွေ ရှာဖွေခဲ့ကြပါတယ်။ ရာသီဥတု သာယာပြီး အာရှလူမျိုးတွေ စုဝေးရာနေရာ ဖြစ်လေ့ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကတော့ ပြည်ပရောက် မြန်မာတွေအတွက် နေရာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

“၁၉၈၈ မတိုင်ခင် LA မှာရှိတဲ့ မြန်မာတွေဟာ နေဝင်းခေတ်က ဗမာပြည်ပေါက် တရုတ်တွေ ဖြစ်ပါတယ်”လို့ မဆွေဆွေက ဆိုပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ လူပေါင်း ၃,၀၀၀ လောက်သေဆုံးပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်ပြီးနောက်မှာ ရွှေ့ပြောင်းလူမျိုးများ ရောထွေးမှုမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားသူ အများစုဟာ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့်ရခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ ကရင်၊ ကချင်၊ ချင်း ဒုက္ခသည်ပေါင်းများစွာကိုလည်း အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။

၂၀၁၆ ဇန်နဝါရီလ မြန်မာ့ဂဇက် အတွဲ ၄၊ အမှတ် ၁ စာစောင်ကို တွေ့ရစဉ်။

၂၀၁၆ ဇန်နဝါရီလ မြန်မာ့ဂဇက် အတွဲ ၄၊ အမှတ် ၁ စာစောင်ကို တွေ့ရစဉ်။

မြန်မာ့ဂဇက် (Myanmar Gazette) သတင်းစာဟာ အမေရိကန်နိုင်ငံအတွင်းက မြန်မာအသိုင်းအဝိုင်းအတွင်း တစ်ခုတည်းသော မြန်မာဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်းစာတစ်စောင်လည်း ဖြစ်ပါတယ်။

“မြန်မာ့ဂဇက်ကို LA မှာသာမက Burmese Advocacy Center ရှိတဲ့ ဆန်ဖရန်စစ္စကို ကမ်းခြေ၊ နယူးယော့ခ်နဲ့ ဖို့ ဝိန်းတွေမှာလည်း ဖြန့်ပါတယ်”လို့ မဆွေဆွေကဆိုပါတယ်။ သတင်းစာစောင်ရေဟာ ၁၂,၀၀၀ ခန့်ရှိပြီး အွန်လိုင်းမှာ ဒစ်ဂျယ်တယ်ဗာရှင်းကို ဖတ်ရှုသူက လူဦးရေ ၁,၀၀၀ ခန့်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။ သတင်းစာအတွင်းမှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအပြင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြောင်းလဲနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ထို့ပြင် သတင်းစာကတစ်ဆင့် အဝေးရောက်မြန်မာတွေရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်တွေကို စိန်ခေါ်သွားမယ်လို့လည်း မဆွေဆွေက ဆိုပါတယ်။ “ကျွန်မတို့ နိုင်ငံရေး ပြောင်းလဲရုံတင်မက ရိုးရာနဲ့ ဘာသာတရား အစွန်းရောက်ယုံကြည်မှုတွေကို ပြောင်းလဲဖို့ လိုပါတယ်”လို့ မဆွေဆွေက Frontier ကို ပြောခဲ့ပါတယ်။

“၁၉၈၈ မတိုင်ခင် LA မှာရှိတဲ့ မြန်မာတွေဟာ နေဝင်းခေတ်က ဗမာပြည်ပေါက် တရုတ်တွေ ဖြစ်ပါတယ်”လို့ မဆွေဆွေက ဆိုပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ လူပေါင်း ၃,၀၀၀ လောက်သေဆုံးပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်ပြီးနောက်မှာ ရွှေ့ပြောင်းလူမျိုးများ ရောထွေးမှုမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားသူ အများစုဟာ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့်ရခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ ကရင်၊ ကချင်၊ ချင်း ဒုက္ခသည်ပေါင်းများစွာကိုလည်း အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။

အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ရိုဟင်ဂျာလို့ ခေါ်နေကြတဲ့ ဘင်္ဂါလီအရေးကို ရေးသားရာမှာလည်း မဆွေဆွေဟာ ကူလ်ဗာ စီးတီးက မြန်မာမွတ်ဆလင် အသိုင်းအဝိုင်းရဲ့ အမြင်တွေကို ထည့်သွင်းခဲ့ပါတယ်။ “တချို့မြန်မာတွေကတော့ မွတ်ဆလင်တွေကို လက်မခံနိုင်တုံးပါပဲ”လို့ သူက ဆိုပါတယ်။ အမေရိကန်ရောက်မြန်မာအသိုင်းအဝိုင်းက တကယ့်မြန်မာနိုင်ငံ အသေးစားလိုပဲဆိုတာ သိရတယ်။ “ကယ်လီဖိုးနီးယားမှာ ကရင်၊ မွတ်ဆလင်ဘာသာဝင်နဲ့ မြန်မာလူမျိုးတွေ အများကြီး ရှိပေမယ့် ရောရောနှောနှော မနေကြပါဘူး၊ သူတို့က ဆီနဲ့ ရေလိုပဲ”လို့ မဆွေဆွေက ဆိုပါတယ်။

ဒါ့ပြင် “မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာတစ်ခုကိုပဲ ကိုးကွယ်တဲ့ နိုင်ငံမဟုတ်ဘဲ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်နဲ့ ဂျူးဘာသာတွေကို ကိုးကွယ်ကြသူတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။ အဓိကလူမျိုး အများစုက လူနည်းစုလူမျိုးတွေကို အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာကို ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေဆီမှာတော့ ငါတို့ဘာသာပဲ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်တွေ ရှိနေပါသေးတယ်”လို့ မဆွေဆွေက ဆိုခဲ့ပါတယ်။

မဆွေဆွေအတွက်တော့ တရားမျှတမှုမရှိတဲ့ ကိစ္စရပ်တွေအပေါ်မှာ တရားနဲ့ ဖြေတတ်တာဟာ တစ်ခါတရံမှာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။ သူက နိုဘယ်ဆုရှင် ဒက်စမွန် တူးတူးရဲ့စကားကို နှစ်သက်သဘောကျတယ်လို့ ဆိုပါတယ်။

“တရားမမျှတတဲ့ အခြေအနေတစ်ရပ်မှာ သင့်အနေနဲ့ ကြားနေလိုက်ရင် သင်ဟာ ဖိနှိပ်သူဘက်က ရပ်လိုက်သလို ဖြစ်သွားပါတယ်။ တကယ်လို့ ဆင်တစ်ကောင်က ကြွက်တစ်ကောင်ရဲ့ အမြီးကို တက်နင်းထားချိန်မှာ သင်က ငါက ကြားနေသမားပဲလို့ ဟစ်ကြွေးလိုက်ရင် ကြွက်ကတော့ သင့်ရဲ့ ကြားနေမှုကို လက်ခံနိုင်မှာ မဟုတ်ဘူး”

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.