ဦးဖြိုးမင်းသိန်းကို အစိုးရက ညွှန်ကြားချက်ထုတ်ထား

နေပြည်တော်၊ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ ရပ်တည်ချက်သဘောထားမဟုတ်ဘူးလို့ တပ်မတော်ကို ဒီနေ့အကြောင်းပြန်ကြားလိုက်သလို ဦးဖြိုးမင်းသိန်းဆောင်ရွက်ရမယ့် အပိုင်းတွေကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောပါတယ်။

ဒါပေမယ့် ဦးဖြိုးမင်းသိန်းကို အစိုးရက ဘာတွေညွှန်ကြားထားသလဲဆိုတာကိုတော့ ထုတ်ပြောလို့မရသေးပါဘူးလို့ ဦးဇော်ဌေးကဆိုပါတယ်။ “ဒီပြောကြားချက်ဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အကြား အထင်အမြင် လွဲမှားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်” လို့တော့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာပြောခဲ့တဲ့ သူ့ရဲ့စကားကြောင့် တပ်မတော်ဖက်က အရေးယူပေးဖို့အစိုးရထံ တင်ပြခံထားရသူဖြစ်ပါတယ်။

အဲဒီပွဲမှာ ဦးဖြိုးမင်းသိန်းက နိုင်ငံဟာ ဒီမိုကရေစီမရသေးတဲ့ အကြောင်း ရှင်းလင်းပြောဆိုနေရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးအဆင့်အတန်းကို ထည့်သွင်းပြောဆိုရာမှာ အရပ်ဖက်၊ စစ်ဖက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာမရှိတဲ့အကြောင်း ပြောဆိုသလို “ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲဖြစ်ပါတယ်”ဆိုတဲ့ စကားကို ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါကို တပ်မတော်ဖက်က မကျေလည်ခဲ့ဘဲ ထိပ်တိုင်ရင်ဆိုင်မှုပုံစံဖြင့်ပြောဆိုခြင်းဟု သတ်မှတ်ခဲ့ပြီး အဲဒီလို ပြောဆိုချက်တွေဟာ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေပြီး တပ်မတော်ဖက်ကလည်း အပြုသဘော ရေရှည်ဆက်ဆံဖို့ မသင့်တဲ့အတွက် ဦးဖြိုးမင်းသိန်းကို လိုအပ်သလိုစိစစ်အရေးယူပေးဖို့ ဇူလိုင် ၁၁ ရက် မှာ တပ်မတော်က အစိုးရထံ အကြောင်းကြားထားခဲ့တာပါ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar