အင်းတော်ကြီးကန်မှ ငှက်မျိုးစုံနှင့် ငှက်စောင့်ကြည့်သူများ

ကချင်ပြည်နယ်မှ အင်းတော်ကြီးကန်သည် ဆောင်းခိုငှက်များ၏ ခေတ္တခိုနားရာရိပ်မြုံဖြစ်ကာ တဖြည်းဖြည်း တိုးလာနေသည့် ငှက်ချစ်သူတို့ပျော်မွေ့ကြည်နူးရာ ကန်ကြီးလည်းဖြစ်တော့သည်။

စာသားနှင့် ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ရော့ ရော့ လာစားကြဟေ့”

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်ရှိ ရွှေမဉ္ဇူဘုရား၏အေးစိမ့်နေသည့်ရင်ပြင်ပေါ်မှနေ၍ အမျိုးသမီးငယ်တစ်ဦးက လှမ်းအော်လိုက်သည်။ သူ့အပေါ်ကနေ ဝဲကာပျံကာ အော်မြည်နေကြသော စင်ရော်တစ်အုပ်ကို ပြောင်းဖူးပေါက်ပေါက်ထုပ်ကြီးမြှောက်ပြနေသည်။

ထိုအရပ်မှ ကီလိုမီတာ ၃၀ ခန့်အကွာရှိ ဟိုပင်မြို့မှ ဈေးဆိုင်ပိုင်ရှင် အသက် ၂၆ နှစ်အရွယ် မနှင်းနှင်းက နှစ်စဉ် သည်အချိန်ရောက်တိုင်း စင်ရော်များကို အစာကျွေးရန် ရွှေမဉ္ဇူဘုရားသို့လာလေ့ရှိသည်ဟုဆိုသည်။

“ဒါလည်း အလှူဒါန တစ်ခုပါပဲ။ ကျွန်မ ဒီလာတိုင်းတော့ စင်ရော်တွေမရှိကြဘူး။ ကျွန်မ ငှက်တွေကိုချစ်တယ်။ သူတို့ကို ငေးကြည့်နေရတာကို သိပ်သဘောကျမိတာပဲ”

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

သူတဦးတည်းတော့ မဟုတ်ပါလေ။ အင်းတော်ကြီးကန်မှာ ငှက်ချစ်သူတို့၏သုခဘုံပင်ဖြစ်တော့သည်။ သည်ကန်ကြီးသို့ ငှက်အမျိုးပေါင်း ၄၅၀ ကျော် လာရောက်ကျက်စားကြောင်း မှတ်တမ်းတင်ထားသည်။ တစ်ရက်တည်းမှာပင် ငှက်ကောင်ရေ ၂၀,၀၀၀ ထိလာဖူးကြောင်းလည်းမှတ်တမ်းမှတ်ရာရှိသည်။

အင်းတော်ကြီးအိုင်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်ရှိပြီး ကမ္ဘာကျော် ရေချိုအိုင်ကြီးများစာရင်းဝင်ကာ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးဖြစ်သည်။ ဤဒေသကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ခရီးစဉ်များ တွင်ကျယ်စွာမလာရောက်သေးဘဲ အလည်လာသူဧည့်သည်များမှာ အနီးအနားမှ သဘာဝတောင်တန်းကြီးများကို ငေးမောကြည့်ရှုကာ ကျေးငှက်သာရကာတို့၏မြည်ကြွေးသံတို့ကို နားဆင်ခံစားနိုင်ကြပေသည်။

အင်းတော်ကန်ကြီး၌ ငှက်ကြည့်ခြင်းသာမက ခြေလျင်ခရီးကြမ်းနှင်ခြင်း၊ ကယပ်လှေ လှော်ခတ်ခြင်း၊ စက်ဘီးစီးခြင်းတို့လုပ်နိုင်သော စွန့်စားခရီးသွားလုပ်ငန်းလည်း တွင်ကျယ်လာနေပေသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အလည်လာသူအချို့မှာ ကမ္ဘာအနှံ့မှလာကြသည့် ငှက်ကြည့်သမားများဖြစ်ကာ ယခင်အင်းတော်ကြီးကန်သို့ ရောက်ဖူးပြီး ထိုစဉ်ကခရီးကို အထူးနှစ်သက်သဘောခွေ့ခဲ့ကြ၍ တနှစ်ထက်တနှစ် တိုး၍တိုး၍ လာလျက်ရှိခြင်းဖြစ်သည်။ ယင်းကန်ကြီးဆီသို့ မြောက်ဘက်ပိုင်း အာတိတ်ဒေသ ရုရှားနိုင်ငံနှင့် မြောက်အမေရိကတို့မှစကာ တောင်ဘက်ပိုင်း ဩစတြေးလျနှင့် နယူးဇီလန်တို့မှ ငှက်များလာကြသဖြင့် ကမ္ဘာပေါ်ရှိ ဆောင်းခိုငှက်အများဆုံး လာရောက်သည့်ဒေသကြီးများအနက်မှ တစ်ခုဖြစ်နေသည်မှာ မဆန်းပေ။

 class=

class=

၂၀၁၆ ဖေဖော်ဝါရီလတွင် အင်းတော်ကြီးကန်ကို ရမ်ဆာကွန်ဗင်းရှင်းအရ နိုင်ငံတကာအဆင့်အရေးပါသော နိုင်ငံများအဖြစ် သတ်မှတ်ခံရသည့် ၁၆၉ နိုင်ငံရှိ ရေတိမ်ဒေသ ၂,၂၃၀ ကျော်အနက်မှ ရမ်ဆာရေတိမ်ဒေသ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အင်းတော်ကြီးဒေသမှာ သဘာဝဘေးမဲ့တော Indawgyi Wildlife Sanctuary အဖြစ် ၁၉၉၉ ခုနှစ်တွင် သတ်မှတ်ခံခဲ့ရပြီး ကုလသမဂ္ဂ၏ ယူနက်စကိုအဖွဲ့က လူနှင့်ဇီဝရပ်ဝန်းဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒေသတခုအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လတွင် အသိအမှတ်ပြုခဲ့သည်။

“ဒီနိုင်ငံမှာ ရေပျော်ငှက် အမျိုးပေါင်းအများကြီးကို တနေရာတည်းမှာ တစုတစည်းတည်း တွေ့နိုင်တဲ့နေရာပါ” ဟု အင်းတော်ကြီးကန် သဘာဝဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ ဦးမောင်ဝင်းကပြောသည်။ ရှားပါးပြီး မျိုးသုဉ်းလုနီးပါးဖြစ်သော ငှက်များထဲမှ ရှားပါးလင်းတမျိုးများဖြစ်သည့် White-rumped vulture (Gyps bengalensis) ၊ Oriental darter (Anhinga melanogaster) ၊ Purple swamphen (Porphyrio porphyrio) နှင့် Spot-billed pelican (Pelecanus philippensis) တို့ကို အင်းတော်ကြီးကန်၌ တွေ့နိုင်ပေသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ငှက်ကြည့်ရန်အကောင်းဆုံးအချိန်မှာ ဇန်နဝါရီလနှောင်းပိုင်းမှ ဖေဖော်ဝါရီလထိဖြစ်သော ဆောင်းတွင်းကာလ ဖြစ်သော်လည်း ဆောင်းခိုငှက်များကို နိုဝင်ဘာမှ မတ်လအထိတွေ့ရှိနိုင်ပေသည်။

နိုင်ငံခြားသားဧည့်သည်အရေအတွက်မှာ နည်းပါးနေသေးကာ ၂၀၁၁ က ၃၄ ယောက်သာလာခဲ့ရာမှ ၂၀၁၉ ၌ အင်းတော်ကြီးကို လူပေါင်း ၄၂၀ လာခဲ့ဖူးသည်ဟု ၂၀၁၃ တွင်‌ ဂေဟခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ဖွဲ့စည်းခဲ့သည့် ‘အင်းချစ်သူ’ဟူသော ဒေသခံအဖွဲ့တစ်ဖွဲ့၏အဆိုအရသိရသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၂၀၁၇ နှစ်ကုန်ပိုင်းခန့်မှာ ပြည်တွင်းခရီးသွား သုံးဆခန့်တက်သွားကြောင်း အင်းတော်ကြီးကန်၌ ခြောက်နှစ်ခန့် လမ်းညွှန်လုပ်လာသူ အသက် ၂၆ နှစ်ရှိ ကိုထွန်းထွန်းဦးကဆိုသည်။ ထိုသို့တိုးတက်လာရသည့် အဓိက အကြောင်းရင်းမှာ ထင်ရှားသည့် ခရီးသွားဘလော့ဂါများက အင်းတော်ကြီးကန်သို့လာလည်ကာ သူတို့ပရိသတ်ထံ ရေးသားတင်ဆက်ကြခြင်းနှင့် မန္တလေးနှင့် မြစ်ကြီးနားသွားလမ်းများ ကောင်းလာခြင်း တို့ကြောင့်ဖြစ်ကြောင်း သူကရှင်းပြသည်။

ကိုထွန်းထွန်းဦးက နိုင်ငံခြားသားခရီးသွားများမှာ ငှက်ပုံကောင်းကောင်းများ ဓာတ်ပုံရိုက်ရန် မလုပ်သင့်သည်များကိုပင် လုပ်ကိုင်တတ်ကြကြောင်းဆိုသည်။ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ဓာတ်ပုံရိုက်ချင်တဲ့တိုးရစ်တွေနဲ့ ကျွန်တော် လိုက်ဖူးတယ်။ သူတို့က ငှက်တွေရဲ့သဘာဝကို နားမလည်ကြဘူး။ ငှက်မတွေ့ဘူးဆိုရင် သူတို့က အသိုက်ထဲကငှက်တွေထွက်လာအောင် ငှက်သံဖမ်းထားတာတွေ ဖွင့်တော့တာပဲ။ ဒါတော်တော်ဆိုးတယ်။ ငှက်တချို့က ဒီကို သားချဖို့လာကြတာ။ သူတို့က အဲဒီငှက်သံဖွင့်တာကြားရင် စိတ်ချောက်ချားပြီး သားချတဲ့ကိစ္စကို အနှောက်အယှက်သွားပေးသလိုဖြစ်ရော” ဟု သူက Frontier ကိုပြောပြသည်။

ဒေသခံလူများကလည်း ငှက်များကို ဒုက္ခပေးတတ်ကြသည်။ ဆောင်းခိုငှက်များ အုံနှင့်ကျင်းနှင့် ရောက်လာကြသည့်အခါ ရွာခံကလေးများက လေးခွဖြင့်ငှက်လိုက်ပစ်ကြလေ့ရှိသည်။

“ဒါကသူတို့ဝါသနာပေါ့လေ။ ငှက်ပစ်လို့ရရင် သူတို့ချက်စားကြတော့တာပဲ။ ငှက်တွေဆောင်းခိုလာတာ သုံးလကျော်ဆိုတော့ ငှက်တွေအများကြီး အသတ်ခံကြရတယ်” ဟု ကိုထွန်းထွန်းဦးကပြောသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၂၀၀၈ ကတည်းက လှုပ်ရှားဆောင်ရွက်နေသည့် ဗြိတိသျှအခြေစိုက် အိုင်အင်န်ဂျီအို Fauna and Flora International နှင့်ပူးတွဲ၍ အင်းချစ်သူအဖွဲ့ကလည်း သဘာဝပတ်ဝန်းကျင်အကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုပညာပေးခြင်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

အင်းတော်ကြီးကန်တဝိုက်မှ ကျေးရွာအချို့ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းတို့မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူတို့ကို အင်းချစ်သူအဖွဲ့က အ‌ခြေခံငှက်ကြည့်ပုံနည်းလမ်းတို့ကို ပညာပေး သရုပ်ပြ ဟောပြောသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ငှက်တွေကိုချစ်ကြဖို့၊ မသတ်ကြဖို့အကြောင်း သူတို့နားလည်သဘောပေါက်စေချင်ပါတယ်” ဟု အင်းချစ်သူအဖွဲ့သား ကိုပေါ်လေးက Frontier ကိုပြောသည်။

“သူတို့ဝါသနာကို အလုပ်အဖြစ်ပြောင်းပေးဖို့ပါ။ သဘာဝတရား လေ့လာတဲ့ဘက်ကို သူတို့နှစ်သက်လာရင် သူတို့လည်း ကျွန်တော့်လို ငှက်လမ်းညွှန်တ‌ယောက်ဖြစ်လာနိုင်တာပေါ့။ ဒါဆို အဲဒီအလုပ်ကနေ ငွေဝင်နိုင်တယ်လေ”

လွန်ခဲ့သည့် ခြောက်နှစ်ကျော်က ကန်ကြီးတဝိုက်မှ ရွာအချို့မှ ငှက်ထောင်သမားများက အပိုဝင်ငွေရှာရန် Lesser whistling ducks (Dendrocygna javanica) ဆိုသည့် ရှားပါးဘဲမျိုးကို ပိုက်ကွန်ဖြင့်ဖမ်းတတ်ကြသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“အဲသည်တုန်းက ငှက်ဖမ်းကြတာ သိပ်ကိုဆိုးတာပေါ့ဗျာ။ ဒါပေမဲ့ ၂၀၁၄ ကျတော့ ရွာသားတွေက ငှက်ကြည့်သင်တန်းတွေ တက်လာကြတယ်။ ဒါက ဆောင်းခိုငှက်တွေကို သက်ရှိသတ္တဝါတွေအဖြစ် တန်ဖိုးထားတတ်လာပြီး ငှက်လမ်းညွှန်လုပ်ရင် ဝင်ငွေရနိုင်မှန်းသူတို့ သဘောပေါက်လာကြတယ်” ဟု ကိုပေါ်လေးကပြောပြသည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.