ဗာတီကန်စီးတီး၊ မေ ၄
သံတမန်ဆက်ဆံရေး အပြန်အလှန်တည်ထောင်သွားရန်အတွက် မြန်မာနှင့် ဗာတီကန်တို့ ယနေ့ တရားဝင် သဘောတူညီခဲ့ကြသည်ဟု ဗာတီကန်က ယနေ့ ကြေညာခဲ့သည်။
ဗာတီကန်က ရန်ကုန်တွင် အမြဲတမ်းသံတမန် ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်မည်ဖြစ်ကာ မြန်မာအစိုးရကလည်း ဗာတီကန်တွင် သံရုံးဖွင့်လှစ်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဥရောပသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်မင်းကြီး ဖရန်စစ်တို့ တွေ့ဆုံပြီးနောက် ယခုကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ၁ ဒသမ ၃ ဘီလျံခန့်ရှိသည့် ကတ်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင်ဖြစ်သော ပုပ်ရဟန်းမင်းကြီးနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့သည်။
ထို့နောက် ပုပ်ရဟန်းမင်းကြီးက ကြေးဖြင့်ပြုလုပ်ထားပြီး သဲကန္တာရထဲတွင် ပန်းများပွင့်နေသည့် ရုပ်ပုံပါရှိသည့် အမှတ်တရတံဆိပ်ကို ဒေါ်အောင်ဆန်းစုကြည်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
သတင်း-အေအက်ဖ်ပီ