သေနတ်သမားအား ဖမ်းဆီးစဉ် သေဆုံးခဲ့သူ ဦးနေဝင်း၏ ဈာပနအခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

လူသိများသည်‌့ ရှေ့‌နေကြီး ဦးကိုနီကို သေနတ်ဖြင့် အနီးကပ် လုပ်‌ကြံသတ်‌ဖြတ်‌သည်‌ဟု သံသယရှိသူ‌ သေနတ်‌သမားကို လိုက်‌လံဖမ်‌းဆီးရင်‌း ‌‌သေဆုံးခဲ့ရသည်‌့ ဦး‌နေဝင်‌း၏ ဈာပနအခမ်‌းအနားကို ‌ရေ‌ဝေးသုသာန်‌တွင်‌ ဇန်‌နဝါရီ ၃၁ ရက်နေ့ နေ့လည်‌ပိုင်‌းက ပြုလုပ်‌ခဲ့သည်‌။

အသက်‌ ၄၈ နှစ်‌အရွယ်‌ ‌လေဆိပ်‌အငှါးယာဉ်‌‌မောင်‌းဖြစ်ပြီး က‌လေးသုံး‌ယောက်‌ဖခင်‌လည်းဖြစ်သူ ဦး‌နေဝင်း၏‌ နောက်‌ဆုံးခရီးကို လို‌က်ပါပို့‌ဆောင်‌သူများက သူ့အား “သူရဲ‌ကောင်‌း”ဟု ရည်‌ညွန်‌းခဲ့ကြသည်‌။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်‌ပါတီအလံ လွှမ်‌းခြုံထား‌သောသူ၏ ရုပ်‌အ‌လောင်‌းကို စစ်‌ဘက်‌နှင်‌့ နယ်‌ဘက်‌မှ အရာရှိများ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်‌နာယက ဦးတင်‌ဦး၊ ၈၈ မျိုးဆက်‌‌ကျောင်‌းသားများအပါအဝင်‌ ထင်‌ရှားသူများ လိုက်‌ပါပို့‌ဆောင်‌ခဲ့သည်‌။

‌စောကျိဝါးဟုလည်‌းအမည်‌ရှိသူ ကို‌နေဝင်‌းသည်‌ ရန်‌ကုန်‌‌လေဆိပ်‌တွင်‌ ပြီးခဲ့သည့် တနင်္ဂနွေ နေ့ည‌နေပိုင်‌းက ဦးကိုနီကို လုပ်‌ကြံသည်‌ဟု စွပ်‌စွဲခံရသူ ‌သေနတ်‌သမား ထွက်ပြေးစဉ် အုတ်‌ခဲဖြင်‌့ ပစ်ပေါက်ကာ ဖမ်‌းဆီးခဲ့သူဖြစ်‌သည်။ ထိုသို့လိုက်လံဖမ်းဆီးစဉ် သေနတ်သမားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့‌ဆောင်‌သည်‌့လမ်‌းတွင်‌‌ သေဆုံးခဲ့‌ကြောင်‌း မျက်‌မြင်‌သက်‌‌သေများက‌ ပြောသည်‌။

“မိုက်‌မဲယုတ်‌မာပြီး သူရဲ‌ဘော‌ကြောင်‌တဲ့ လူသတ်‌သမားကို လက်‌ကြီးသက်သက်နဲ့ ဖမ်‌းဆီးခဲ့တဲ့ ဦး‌နေဝင်‌းကို လာ‌ရောက်‌ဂုဏ်‌ပြုခြင်‌းဖြစ်‌‌ပါတယ်” ဟု ဈာပနသို့ တက်ရောက်လာသည့် အမ‌ျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်‌နာယက ဦးတင်‌ဦးက ပြောကြားသည်‌။

“တကယ်‌လို့သာ အဲဒီနေ့က သူအသက်‌နဲ့ရင်‌းပြီး မစွန်‌့စားလိုက်‌ဘူးဆိုရင်‌ ဒီ‌နေ့မှာ တမျိုးတဖုံ ဖြစ်‌နိုင်‌ပါတယ်‌” ဟု လည်း ကိုမင်‌းကိုနိုင်က ‌ပြောသည်‌။

ကို‌နေဝင်‌းသာ သံသယရှိသူ‌သေနတ်‌သမားကို မဖမ်‌းဆီးခဲ့ပါက အဖွဲ့အစည်‌းများအကြား သံသယပွားလာနိုင်‌သည်‌့ အ‌ခြေအ‌နေမျိုး ကြုံလာနိုင်‌‌ကြောင်‌း ၎င်းက ဆက်လက်‌ပြောကြားသည်‌။

ဦးနေဝင်းသည် မင်္ဂလာဒုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ လုပ်ရပ်အတွက် ချီးကျူးဂုဏ်ယူမိသည်ဟု အဖွဲ့ချုပ်က ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတရုံးက ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း ဦးနေဝင်းအတွက် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ထည့်သွင်းဖော်ပြထားသည်။

ဦးနေဝင်း၏ ကျန်ရှိသော ဇနီးဖြစ်သူနှင့် ကလေးငယ်သုံးဦးအတွက် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များက ထောက်ပံ့ငွေများ ပေးအပ်နေကြသလို ကလေးငယ်များ၏ ပညာရေးအတွက်လည်း တာဝန်ယူပေးမည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar