ရွေးကောက်ပွဲပြီးသွားသော်လည်း လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိမလာသေး

အစိုးရသစ်ဖြစ်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးများအတွက် အားတက်စရာ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်မှုတွေရှိပေမယ့် ၂၀၁၅ ခုနှစ်အတွင်းမှာ ဘာသာရေးအုံကြွမှုများနဲ့ ဝေဖန်ပြစ်တင်သူများကို ဖိနှိပ်ထားခြင်းများ ရှိခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ အကြိမ်အရေအတွက်ကို ဖော်ပြခဲ့ပြီး “ဆိုးရွားသောလုပ်ရပ်များကို ပျော်ရွှင်စွာ ဆက်လက် လုပ်ဆောင်နေခြင်း”ဖြစ်တယ်လို့ အဖွဲ့က ပြောကြားခဲ့ပါတယ်။

“နိုဝင်ဘာ ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်က လူတွေစိတ်ဝင်စားပြီး ပျော်ရွှင်ခဲ့ကြတယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အနေအထားက ပြဿနာတွေ ရှိနေဆဲပါပဲ”လို့ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Champa Patel ကဆိုပါတယ်။

“၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ လောက် ထောင်ထဲမှာ ရှိနေသေးတယ်”လို့ ၎င်းကဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးထားမှုကို အဆုံးသတ်မယ်လို့ ပြောကြားခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အရေးယူမှုများနဲ့ ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ပါတယ်။ ဒီအထဲမှာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီထောင်မှာ တစ်နှစ်နီးပါး ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြ ကျောင်းသားများလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ကို မတ်လ ၁၀ ရက်နေ့က အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အမျိုးဘာသာသာနာ ထိန်းသိမ်းရေးအတွက်ဟုဆိုကာ ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေး အဖွဲ့၊ တစ်နည်းအားဖြင့် မ.ဘ.သ အဖွဲ့က မေလမှ သြဂုတ်လအတွင်း လုပ်ဆောင်ခဲ့တဲ့ ဥပဒေ လေးခုကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားတယ်။ ဘာသာကူးပြောင်းမှု၊ ထိမ်းမြားလက်ထပ်မှု ကန့်သတ်ချက်အသစ်များပါဝင်တဲ့ ဥပဒေတွေဟာ မြန်မာနိုင်ငံတွင်းက မူဆလင် လူနည်းစုတွေကို ဦးတည်ချက်ထားတာဖြစ်တယ်လို့ ပြည်တွင်းစောင့်ကြည့် လေ့လာသူများနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ယူဆခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသော လူမျိုးများလို့ မြန်မာအစိုးရက သတ်မှတ်ထားတဲ့ ရိုဟင်ဂျာလူမျိုးများရဲ့ အခြေအနေ ဆိုးရွားလာခြင်းကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် အတွင်း ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၃၃,၀၀၀ ကျော်ကို ဖမ်းဆီး အရေးယူမှုများနဲ့ ညှင်းပန်းနှိပ်စက်မှု မှတ်တမ်းများအပြင် လွန်ခဲ့သော ရွေးကောက်ပွဲအတွင်း ရိုဟင်ဂျာများကို မဲပေးခွင့် ငြင်းဆိုခဲ့ခြင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ရိုဟင်ဂျာများ မဲပေးခွင့်ရခဲ့ကြပါတယ်။

သတင်း – ရှောင်ဂလေစင်

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.