ရန်ကုန်-မီလန် တိုက်ရိုက် လေကြောင်းခရီးစဉ် Neos က စတင်ပြေးဆွဲ

ရန်ကုန်မြို့နဲ့ အီတလီနိုင်ငံ မီလန်မြို့တို့အကြား လေကြောင်းခရီးစဉ်ကို အီတလီနိုင်ငံက Neos လေကြောင်းလိုင်းက စတင်လိုက်ပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံနဲ့ အီတလီ၊ ဥရောပတို့အကြား ပြေးဆွဲပေးနေတဲ့ ပထမဆုံး ဥရောပ လေကြောင်းလိုင်းလည်း ဖြစ်လာပါတယ်။

အီတလီကမ္ဘာလှည့်ခရီးသည် ၃၅ ဦး လိုက်ပါလာတဲ့ Neos လေကြောင်းက လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောက်တိုဘာ ၃၁ ရက်နေ့က ဆိုက်ရောက်ခဲ့ရာမှာ မြန်မာအာဏာပိုင်တွေက အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။

အဲဒီခရီးစဉ်ကို ဘိုးရင်း ၇၆၇-၃၀၀ ER လေယာဉ်အသုံးပြုပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

“ခရစ်စမတ်အပြီး နှစ်ရက်အကြာကစလို့ ကျွန်မတို့ရဲ့ ဘိုးရင်း ၇၈၇ လေယာဉ်အသစ်နဲ့ ပြောင်းလဲ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်” လို့ လေကြောင်းလိုင်းရဲ့ Traffic Rights and Sales Director Ms. Ilaria Toia က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mrs Alessandra Schiavo ကလည်း ခရီးစဉ်က ချိတ်ဆက်မှုအသစ်၊ အခွင့်အလန်းအသစ်၊ အတွေ့အကြုံသစ်၊ ခင်မင်ရင်းနှီးမှုအသစ်တွေကို ယူဆောင်လာလိမ့်မယ်လို့ ပြောပါတယ်။

“တိုက်ရိုက်ခရီးစဉ်တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အဆက်အသွယ်အသစ်တွေနဲ့ ချစ်ကြည်ရင်းနှီးမှုရဲ့ အရင်းခံဖြစ်တာနဲ့အညီ ဒီခရီးစဉ်သစ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလန်းသစ်တွေကိုပါ ယူဆောင်ပေးမှာ ဖြစ်ပါတယ်” လို့ ၎င်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်နဲ့ တရုတ်နိုင်ငံ၊ ကွမ်ကျိုးတို့အကြား တိုက်ရိုက်ပြေးဆွဲတဲ့ ခရီးစဉ်တစ်ခုကို တရုတ်နိုင်ငံက 9Air လေကြောင်းလိုင်းက စတင်ခဲ့ပါတယ်။

တစ်နှစ်ကို ခရီးသည် သန်း ၂၀ ဝန်ဆောင်မှုပေးနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၀၊ အပြည်ပြည်ဆိုင်ရာခရီးစဉ် ၂၈ ခုကို ဝန်ဆောင်ပေးနေပြီး ပြီးခဲ့တဲ့နှစ်က ခရီးသည် ၅ ဒသမ ၈ သန်းကျော် ဖြတ်သန်းသွားလာခဲ့ပါတယ်။ဒါပေမယ့် ခရီးစဉ်အများစုဟာ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီကိုသာ ဖြစ်ပါတယ်။

အခုလို ရန်ကုန်ကနေ အီတလီကို တိုက်ရိုက်လေကြောင်း ပြေးဆွဲတဲ့အတွက် ခရီးသည်တွေအနေနဲ့ ခရီးသွားချိန်ကို လျှော့ချနိုင်မှာဖြစ်ပြီး ပိုမို သက်တောင့်သက်သာရှိစွာ သွားလာနိုင်တော့မယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲနေတဲ့ Yangon Aerodrome Company Limited (YACL) ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က ပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၈ ခုနှစ်၊ ပထမ ခြောက်လအတွင်း  မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွား ၆၈၂,၁၀၀ ဦး ရှိခဲ့သည်။ သို့သော် အီတလီမှ လာရောက်သည့် ခရီးသည်အရေအတွက်မှာမူ တစ်သောင်းနီးပါးခန့်သာ ရှိခဲ့သည်။

အီတလီအခြေစိုက် Neos လေကြောင်းလိုင်းကို ၂၀၀၁ ခုနှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.