ရန်ကုန်၊ ဒီဇင်ဘာ ၂၆
နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ရန်ကုန် ဘားကမ့်- BarCamp ကို ဇန်နဝါရီ ၃၀ နှင့် ၃၁ ရက်နေ့များတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်တွင် ကျင်းပသွားမည်ဖြစ်သည်။
ဘားကမ့်များ၏ မူအတိုင်း နည်းပညာတစ်ခုတည်းသာမဟုတ်ပဲ မည်သူမဆို စိတ်ပါဝင်စားသည့် ဘယ်သည့်အကြောင်းအရာကိုဖြစ်စေ ဆွေးနွေး နိုင်ကြမည်ဖြစ်သည်။ ဆွေးနွေးဟောပြောလိုသူတစ်ဦးသည် ဆွေးနွေးချိန် ၄၅ မိနစ်ရရှိမည်ဖြစ်ကာ သတ်မှတ်ချိန် ကျော်လွန်ပါက ခန်းမပြင်ပ သင့်လျော်သည့် နေရာတွင် မိမိပရိသတ်နှင့်အတူ ဆက်လက် ဆွေးနွေးနိုင်ကြမည်ဖြစ်သည်။ ဘားကမ့်သို့ တက်ရောက်လိုသူများသည် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ အွန်လိုင်းမှ စာရင်းသွင်းမှတ်ပုံတင်နိုင်ကြမည်ဖြစ်သည်။
ရန်ကုန်ဘားကမ့်ကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုကျင်းပမည့် ဘားကမ့်သည် ခုနစ်ကြိမ်မြောက် ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရန်ကုန် ဘားကမ့်တွင် အကြောင်းအရာ ခေါင်းစဉ်ပေါင်း ၁၂၆ ခုကို ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်သူ ၅၀၀၀ ခန့်ရှိခဲ့သည်။
သတင်း – Frontier သတင်းအဖွဲ့