တက္ကသိုလ်များ စနစ်မီစေရန် ပညာရေးစနစ် ပြုပြင်ရမည်ဟု ဦးဖြိုးမင်းသိန်းက လူငယ်များကို ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ၏ တက္ကသိုလ်များအား စနစ်မီသည့် တက္ကသိုလ်များ ဖြစ်လာစေရန်အတွက် ပညာရေးစနစ်ကို ပြုပြင်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူငယ်များကို ယနေ့ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကျောင်းတွေဟာ စာသင်ခန်းနဲ့ မတူဘဲ၊ ရုံးခန်းတစ်ခုနဲ့သာ တူနေပါတယ်” ဟု ဘားကမ့် ရန်ကုန် (Barcamp Yangon) သို့ တက်ရောက်လာသည့် လူငယ်များကို ၎င်းက ပြောကြားခဲ့သည်။

ရှစ်ကြိမ်မြောက် ဘားကမ့်ရန်ကုန်ကို ရန်ကုန်မြို့၊ MICT Park တွင် ယနေ့စတင်ကျင်းပရာ ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ကျောင်းတွေရဲ့ အနေအထားက မနက်သွားပြီး ပြန်လာတယ်။ ညနေသွားကြည့်ရင် ကျောင်းကြီးက မှောင်မဲပြီး သရဲခြောက်မယ်တောင် ထင်ရတယ်” ဟု ၎င်းကပြောကြားသည်။

“ဒါကြောင့် စနစ်မီတဲ့ တက္ကသိုလ်ကြီးဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့ ပြုပြင်ရမယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဘားကမ့်သို့ တက်ရောက်လာခြင်းမှာလည်း လူငယ်များ၏ အသံကို နားထောင်လိုသောကြောင့် ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဦးဖြိုးမင်းသိန်းနှင့် လူငယ်များတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် လူငယ်များလည်း ၎င်းတို့အမြင်များကို ပြန်လည်ပြောကြားခဲ့ကြသည်။

ယနေ့စတင်သည့် ဘားကမ့်ရန်ကုန်သို့ အွန်လိုင်းမှ စာရင်းသွင်းသူ ၅,၀၀၀ ကျော် ရှိကာ စာရင်းမသွင်းပဲ တက်ရောက်လာသူများအပါအဝင် တက်ရောက်သူ စုစုပေါင်း ၆,၀၀၀ ခန့် ရှိသည်ဟု ဘားကမ့်ရန်ကုန်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဦးက ပြောကြားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar