မြန်မာက မြောက်ကိုရီးယားထံမှ လက်နက်များ ရရှိခဲ့ဟု ကုလအစီရင်ခံစာတစ်ခုတွင် ဖော်ပြထား

မြောက်ကိုရီးယားထံမှ ဒုံးကျည်များအပါအဝင် လက်နက်များကို မြန်မာနိုင်ငံက ရရှိခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် ရိုက်တာက ကြည့်ရှုခွင့် ရရှိခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ပိတ်ဆို့အရေးယူရေး ကော်မတီ၏ လျှို့ဝှက်အစီရင်ခံစာတွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု ခံထားသည့် မြောက်ကိုရီးယားက ကျောက်မီးသွေးများ တရားမဝင် တင်ပို့နေသည့်အပြင် ဆီးရီးယား၊ မြန်မာနိုင်ငံတို့နှင့် ပဲထိန်းဒုံးကျည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှုများကိုလည်း ကော်မတီက စုံစမ်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့များ၏ ပြောကြားချက်အရ မြောက်ကိုရီးယားထံမှ ပဲ့ထိန်းဒုံးကျည်များကို မြန်မာနိုင်ငံက လက်ခံရရှိခဲ့သည်ဆိုသည့် အထောက်အထားများကို နိုင်ငံတစ်နိုင်ငံက ရရှိထားသည်ဟုဆိုသည်။ သို့သော် အဆိုပါနိုင်ငံ၏အမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် အတွဲလိုက်ပစ်ခတ်နိုင်သည့် ဒုံးပျံပစ်လွှတ်စင်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအပါအဝင် သမားရိုးကျ လက်နက်များကိုလည်း မြန်မာနိုင်ငံက လက်ခံရရှိခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းကမူ ထိုကိစ္စကို ငြင်းဆိုခဲ့သည်။

မြန်မာအစိုးရအနေဖြင့် “မြောက်ကိုရီးယားနှင့် လက်နက်ဆိုင်ရာ မည်သည့် ဆက်သွယ်နေမှု မရှိ” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကိုလည်း လိုက်နာနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

သို့သော် ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်သည် မြောက်ကိုရီးယား၏ အဓိကဝယ်ယူသူတစ်ဦး ဖြစ်ခဲ့သည်။

၁၉၈၃ ခုနှစ်က စတင်ကာ ပြတ်တောက်နေခဲ့သည့် မြန်မာနှင့် မြောက်ကိုရီးယားတို့အကြား ဆက်ဆံရေးသည် ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ခြင်းဖြင့် ပြန်လည်စတင်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များ မြောက်ကိုရီးယားသို့ တိတ်တဆိတ်သွားရောက်ခဲ့သည့် သတင်းများလည်း ပေါ်ထွက်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်အစိုးရအဖွဲ့တွင် တတိယမြောက် အာဏာအရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့်အဖွဲ့ မြောက်ကိုရီးယားသို့ ၂၀၀၈ ခုနှစ်တွင် သွားရောက်ကာ စစ်လက်နက်ဝယ်ယူရေးအပါအဝင် သဘောတူညီချက်အများအပြား လက်မှတ်ရေးထိုးခဲ့သည်ဟူသည့်သတင်းများ ပေါ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် မြောက်ကိုရီးယားက ပညာရှင်များ စေလွှတ်ခြင်းနှင့် ပစ္စည်းများ ပေးပို့ခြင်းတို့ ရှိခဲ့သည်ဟုဆိုသည်။

သို့သော် ၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရအား အာဏာမလွှဲပြောင်းမီကပင် စစ်လက်နက်ဆိုင်ရာ သဘောတူညီမှုများ အပါအဝင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများအား ရပ်တန့်ထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံက ပြောကြားထားသည်။

သို့သော် မြန်မာစစ်တပ်အနေဖြင့် မြောက်ကိုရီးယားနှင့် အဆက်အနွယ် လက်ကျန် အနည်းငယ်ရှိနေနိုင်သေးသည်ဟု အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှရေးရာ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဒန်နီရယ် ရပ်ဆဲလ်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကွန်ဂရက် ကြားနာမှုတစ်ခုတွင် ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar