မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီးဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၄

စစ်ဖက်အုပ်ချုပ်ခွင့်ပြုဖို့ ဆန္ဒရှိတယ်လို့ တပ်မတော်က ထုတ်ဖော်ပြောဆိုထားသလိုပဲ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ကြုံနေရတဲ့နေရာတွေကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရုံးက သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

“ကက(ကြည်း)က စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ဖို့ တောင်းတယ်။ သမ္မတရုံးက ခွင့်ပြုထားပြီး ဖြစ်ပါတယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတချို့ကို အတည်ပြုချက်ပေးလိုက်တာပါ။

စစ်ဆင်ရေးကာလ သတ်မှတ်ချက်အပါအဝင် တခြားအသေးစိတ် အကြောင်းအရာတွေကိုတော့ ထပ်မံမေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၆ အောက်တိုဘာလအတွင်း ရဲကင်းစခန်းတွေ ပထမအကြိမ် တိုက်ခိုက်ခံရတုန်းကလည်း ဒီဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရဲ့ခွင့်ပြုချက်နဲ့ ငါးလခန့် သတ်မှတ်ပေးခဲ့ဖူးပါတယ်။

အခု ဩဂုတ် ၂၅ ရက်မှာ ပထမတစ်ကြိမ်ကထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့ရပြီးနောက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ဖက်အုပ်ချုပ်ခွင့်ပြုဖို့ အစိုးရထံတင်ပြထားပေမဲ့ ဖြစ်မလာသေးဘူးလို့ ဩဂုတ် ၂၉ ရက်မှာ တပ်မတော်ဖက်က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က စတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအထဲက ၃၇၀ က ARSA အဖွဲ့ဝင်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက် ဒီနေ့သည်ဂါဒီးယန်း အွန်လိုင်းသတင်းစာမျက်နှာမှာ ၂၀၁၂ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာခဲ့ကြတဲ့ ဘင်္ဂါလီ တစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထောက်ပံ့ကူညီမှုတွေ မရတော့ဘဲ နေအိမ်တွေ စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar