The third episode of the Election & Our Future talk show brought together political party leaders and civil society and development experts. (Frontier)
တတိယမြောက် ရွေးကောက်ပွဲနှင့်ပြည်သူ့အနာဂတ် စကားဝိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တက်ကြွလှုပ်ရှားသူများက ပြည်သူတို့၏ အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ (ဖရွန်းတီးယားမြန်မာ)

ပြည်သူတွေရဲ့ အခြေခံအခွင့်အရေး မြှင့်တင်ဖို့ စကားဝိုင်းပါဝင်သူများ ဆွေးနွေးခဲ့

‘ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်’ အခန်းဆက်ဆွေးနွေးပွဲရဲ့ နောက်ဆုံးနဲ့ တတိယပိုင်းမှာတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လူငယ့်အရေးတက်ကြွလှုပ်ရှားသူတွေဟာ ရွေးကောက်ပွဲအလွန် အနာဂတ်မှာ ပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

အောင်ဖေကြည်စိုး ရေးသားသည်။

နိုင်ငံရေးပါတီတွေကို ဦးဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းလျာတွေ ဝင်ရောက်ပါဝင်ဆွေးနွေး ခဲ့တဲ့ ‘ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်’ ဆွေးနွေးပွဲ တတိယပိုင်းကို ပြီးခဲ့တဲ့လနှောင်းပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲစကားဝိုင်းကို နိုင်ငံရေးပါတီတွေအတွက် စင်မြင့်တစ်ခု ကိုဖန်တီးပေးဖို့နဲ့ ပါတီတွေရဲ့ပြည်သူကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းလျာတွေကို မဲဆန္ဒရှင်ပြည်သူတွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်တာပြီး ဖရွန်းတီးယားမြန်မာနဲ့ WaterAid Myanmar တို့ ပူးပေါင်းတင်ဆက်ခဲ့တာဖြစ်ပါတယ်။

တတိယမြောက်ဆွေးနွေးပွဲစကားဝိုင်းမှာတော့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဒေးဗစ်ငိုင်ဆာ့ခ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ လူငယ်တက်ကြွလှုပ်ရှားသူ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်နဲ့ WaterAid Myanmar က WASH and Health စီမံကိန်းမန်နေဂျာ ဒေါက်တာ မင်းကိုကိုတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ဒီနှစ်ရွေးကောက်ပွဲမှာ မန္တလေး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေက မဲဆန္ဒနယ် ၁၆နေရာမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမဲ့  အလုပ်သမားတွေ၊ ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစုတွေ စတဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ အရေးကို လွှတ်တော်မှာ ကိုယ်စားပြုပေးဖို့ ရည်မှန်းထားတယ်လို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ဆိုပါတယ်။

“လူအများစုကြီးက အခုလိုနိုင်ငံရေးအခြေအနေအောက်မှာ တော်တော်များများ ဖိနှိပ်ခံထားရတဲ့ အ ခြေအနေရှိတယ်။ သူတို့အခွင့်အရေးတွေ တော်တော်များများ ချိုးဖောက်ခံထားရတယ်။ လူမျိုးစုအ လိုက်ပဲပြောပြော၊ အတန်းအစားအလိုက်ပဲပြောပြော တော်တော်လေး မညီမျှမှုတွေဖြစ်နေတယ်။ အဲ့လိုအခြေအနေမျိုးတွေကို ပြောနိုင်ဆိုနိုင်ဖို့အတွက် လွှတ်တော်ထဲမှာဝင်ဖို့ ကြိုးစားတာဖြစ်တယ် လို့့ ကျွန်တော့်အနေနဲ့ပြောချင်တယ်”လို့ သူက ပြောပါတယ်။

ဒေါ်သဥ္ဇာရွှန်းလဲရည်ကတော့ လူငယ်တွေအတွက် ကိုယ်စားပြုမှုက နည်းပါးနေသေးတာကို ထောက်ပြခဲ့ပြီး လူငယ်တွေရဲ့အခြေခံရပိုင်ခွင့်တွေကို အဓိကကိုယ်စားပြုပေးနိုင်တဲ့ ဝန်ကြီးဌာနတစ်ခု ဒီနိုင်ငံမှာရှိ သင့်တယ်လို့ အကြုံပြုပါတယ်။

“ကျွန်မတို့လိုလားတဲ့ အဓိကတိုးတက်မှု၊ လူငယ်တွေရဲ့အခန်းကဏ္ဍလို့ပြောရင် လမ်းဖောက်၊ တံတားဆောက်၊ မီးတွေထိန်ထိန်လင်းပြီး တိုးတက်လာတာထက် အခြေခံစံနှုန်းတန်ဖိုးတွေ တိုးမြှင့်လာတာမျိုး ၊နောက် ဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင် လူသားတစ်ယောက်ချင်းစီရဲ့ အတွေးအမြင် ဖွံ့ဖြိုးတိုးတက်လာတာမျိုးကို ပိုပြီးတော့ ကျွန်မတို့က တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ ပြောလို့ရတာပေါ့”လို့ သူကဆက်ပြောပါတယ်။

လူငယ်တွေရဲ့ မဲစွမ်းအားက အပြောင်းအလဲကို ဖော်ဆောင်နိုင်တယ်လို့ သူကဆိုပါတယ်။

လူငယ်တက်ကြွလှုပ်ရှားသူ ဒေါ်သဥ္ဇာရွှန်းလဲရည်။ (ဖရွန်းတီးယားမြန်မာ)

“ကျွန်မတို့နိုင်ငံရဲ့လူငယ်ဦးရေဆိုတာကလည်း အရှေ့တောင်အာရှရဲ့ အငယ်ဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။ သန်းခေါင်စာရင်းအရဆိုရင် အသက်၃၅ နှစ်အောက်က ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့ တွေရဲ့မဲက နိုင်ငံရဲ့အပြောင်းအလဲကို ဆောင်ကြဉ်းသွားနိုင်တဲ့ အခြေအနေမှာရှိပါတယ်”လို့ သူကပြောပါတယ်။

WaterAid Myanmar က WASH and Health စီမံကိန်းမန်နေဂျာ ဒေါက်တာမင်းကိုကို ကတော့ လုံလောက်တဲ့ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး (Water, Sanitation and Hygiene-WASH)အတွက် လူသားတွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို အဓိကထား ဆောင်ရွက်ဖို့ လိုအပ်သလို ဒီဖွံ့ဖြိုးတိုးတက်မှုတွေကို အလုပ်အကိုင်အခွင့်အလန်းများအဖြစ် ရှုမြင်သင့်ကြောင်း ဆိုပါတယ်။

“အိမ်တစ်အိမ်မှာ ငွေ၊ လူတွေရဲ့လစာက တစ်ယောက်နဲ့တစ်ယောက်တူချင်မှ တူနိုင်ပေမဲ့ ကျွန် တော်တို့ရေကောင်းရေသန့်နဲ့ သန့်ရှင်းတဲ့အိမ်သာကိုရရှိဖို့က ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရဖြစ်စေ၊ လူ့အခွင့်အရေးအရဖြစ်စေ ကျွန်တော်တို့အားလုံးရဲ့အခြေခံရပိုင်ခွင့်ပါပဲ”လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံတောင်မှ တစ်ချို့တိုင်းနဲ့ပြည်နယ်ကြားမှာ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ရေကောင်းရေသန့်သုံးစွဲခွင့်မရတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီဟာမျိုးလေးတွေကို ကျွန် တော်တို့က ပါတီတွေက စည်းရုံးရေးကနေဖြစ်စေ၊ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါမျိုးဖြစ်စေ ပူးပေါင်းကူညီပြီးတော့ ဆောင်ရွက်ပေးစေချင်တယ်”လို့ သူကဆက်ပြောပါတယ်။

ဒေါက်တာ မင်းကိုကိုက ဥပဒေပြုရာမှာ တာဝန်ရှိသူတွေနဲ့ အစိုးရတို့ဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေးအတွက် ပိုပြီးအလေးထား ဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ် ကမဲပေးမဲ့ ဒေသခံတွေဟာ နိုဝင်ဘာ၈ရက်မှာ သူ့ရဲ့ဦးဆောင်တဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိအောင် မဲပေးလိမ့်မယ်လို့ ယူဆကြောင်း ဦးဒေးဗဗစ်ငိုင်ဆာ့ခ်က ဆိုပါတယ်။

“၂၀၁၀ မှာ ပြည်ခိုင်ဖြိုးကို ပေးပြီးပြီ၊ ၂၀၁၅ မှာ အင်န်အယ်လ်ဒီကို ပေးတယ်။ ဘာမှ မထူးခြားလာဘူး”လို့ သူက မှတ်ချက်ပြုပါတယ်။

ချင်းပြည်နယ်မှာ မဲဆန္ဒနယ် အများစုအနိုင်ရမယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်ရင်တောင်မှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနေရာကို ချင်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်က ရယူနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီအတွက်ကြောင့် အခြေခံဥပဒေ ပုဒ်မ၁၉၃အရ ဝန်ကြီးချုပ်က တင်သွင်းတဲ့ ဘက်ဂျက်မမျှတတာ တွေကို စိစစ်လို့ရမှာ ဖြစ်တဲ့အပြင် လွှတ်တော်က ဥပဒေကောင်းကောင်းပြဋ္ဌာန်းလို့ရတယ်လို့ ဦးဒေးဗစ် ငိုင်ဆာ့ခ်က ဆိုပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်။ (ဖရွန်းတီးယားမြန်မာ)

“ကျွန်တော်တို့ ချင်းပါတီတွေအနေနဲ့ လွှတ်တော်ကိုအများစု အနိုင်ရပြီဆိုရင်တော့ အစိုးရရဲ့ ဘက် လိုက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အဂတိကိစ္စတွေမှာ ကောင်းစွာထိန်းကျောင်းနိုင်မဲ့အပြင် လို အပ်တဲ့ ကျေးရွာဓလေ့ထုံးတမ်းစဉ်လာ ကိစ္စတွေ၊ ချင်းအမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ရေး ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းပြီးတော့ ဒေသလိုအပ်ချက်နဲ့အညီ ဆောင်ရွက်နိုင်မယ်ဆိုတာကို ယုံ ကြည်ပါတယ်”လို့ သူက ပြောပါတယ်။

ဖရွန်းတီးယားမြန်မာရဲ့ တစ်ပတ်ချင်းစီအလိုက် တင်ဆက်တဲ့ဆွေးနွေးပွဲတွေက နိုင်ငံသားအများစုရဲ့  နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ရရင် ဦးစားပေးဆောင်ရွက်မဲ့ အရေးကိစ္စတွေကို မီးမောင်းထိုးတင်ပြခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲတွေကိုတော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း WaterAid Myanmar က ပံ့ပိုးကူညီပေးတာဖြစ်ပါတယ်။ WaterAid Myanmar ဟာ လုံလောက်တဲ့ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး (Water. Sanitation and Hygiene-WASH)အတွက် လူသားတွေရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု တွေကို အဓိကထားဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အောက်တိုဘာ၇ရက်မှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် “ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်”  ဆွေးနွေးပွဲစကားဝိုင်းမှာတော့  ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာသက်သက်ခိုင်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးဂျန်ခွန်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်း၊ မြို့ပြုစီမံကိန်း လေ့လာရေးအဖွဲ့ Urbanize ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအဲလက်စ်အောင်ခန့်နဲ့ WaterAid Myanmar ရဲ့ WASH and Health အစီအစဉ်က အကြီးတန်းအကြံပေး ပါမောက္ခဒေါက်တာသန်းထွဋ်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ၁၄ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် ဆွေးနွေးပွဲစကားဝိုင်းမှာ  ပြည်သူ့ပါတီဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်တလညီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်နဲ့ မြန်မာ့သတင်းသိပ္ပံအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်မင်းဆွေနဲ့ WaterAid Myanmar က Urban WASH စီမံချက်မန်နေဂျာ ဒေါ်ခင်ဝင်းကြည်တို့ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.