ပြည်သူတစ်သိန်းကျော်အား စားရေရိက္ခာထောက်ပံ့ရန် အမေရိကန်က ဒေါ်လာငါးသန်း ပေးအပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံ၏ ပဋ္ဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများရှိ ပြည်သူ တစ်သိန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာ အကူအညီများ ပံ့ပိုးပေးရန် အမေရိကန်က ဒေါ်လာငါးသန်း ပေးအပ်သွားမည်ဖြစ်သည်။

“ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သို့မဟုတ် မကြာသေးမီကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို ကူညီပံ့ပိုးရန် အကူအညီအသစ်တစ်ရပ်အနေဖြင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား ဒေါ်လာငါးသန်း ပေးအပ်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးက သဘောတူညီလိုက်ပါသည်” ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါအကူအညီများဖြင့် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များအတွင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသည့် လူပေါင်း ၁၇၂,၀၀၀ အတွက် အသက်ကယ် စားရေရိက္ခာ အကူအညီများ ပံ့ပိုးပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ ကာလကြာရှည်စွာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ပြည်သူအများအပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကုလသမဂ္ဂ၏အဆိုအရ ခန့်မှန်းခြေ ပြည်သူ ၃၈၃,၅၀၀ ဦးခန့်မှာ အစားအသောက်နှင့် အသက်မွေးဝမ်းကျောင်း အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar