ပြည်တွင်း၌ ရောင်းချနေသည့် ဘီယာ ၃၀ ရာခိုင်နှုန်းအား ပြည်ပမှ တရားမဝင် တင်သွင်းလာ

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ဘီယာများ၏ ၃၀ ရာခိုင်နှုန်းမှာ မှောင်ခိုလမ်းကြောင်းမှ တရားမဝင် တင်သွင်းလာခြင်းဖြစ်ပြီး ထိုဘီယာများ၏ အများစုမှာ လူသိများသော ထိုင်းအမှတ်တံဆိပ်များဖြစ်သည်ဟု လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း တရားမဝင် တင်သွင်းလာသည့် ဘီယာများ ပြန့်နှံ့နေမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဈေးကွက်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Euromonitor International က ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ လေ့လာမှုမှာ လွတ်လပ်ပြီး ဘက်မလိုက်သည့် လေ့လာမှုဖြစ်သည်ဟု ၎င်းတို့က ပြောကြားထားပြီး လေ့လာမှု၏ ရလာဒ်များကို နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဘီယာတင်သွင်းမှုကို ကန့်သတ်ထားသည့် မြန်မာနိုင်ငံတွင် ရောင်းဝယ်နေသည့် ဘီယာများ၏ ၃ဝ ရာခိုင်နှုန်းမှာ တရားမဝင် တင်သွင်းလာခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ဟက်တိုလီတာပေါင်း တစ်သန်းကျော်ခန့်ရှိသည်ဟု ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သာမှု (ဈေးချိုသာခြင်း) သည် မှောင်ခို ဘီယာများသောက်သုံးမှုအတွက် အဓိကကျသော တွန်းအားဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စတိုးဆိုင်များမှတဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃ဝ မီလီလီတာဘူးသေး၏ ရောင်းဈေးထက် မှောင်ခိုဘီယာများမှာ ၃၅ ရာခိုင်နှုန်းခန့် ပိုမိုဈေးချိုသည်ဟု ဖော်ပြထားသည်။

မှောင်ခိုဘီယာများ၏ ၉၆ ရာခိုင်နူန်းမှာ နယ်စပ်မှ ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

စာတမ်းတွင် လေ့လာခဲ့သော မြို့လေးမြို့ရှိ စတိုးဆိုင်များတွင် ရောင်းချနေသည့် တရားမဝင် ဘီယာ ၉၅ ရာခိုင်နှုန်းမှာ လူသိများသော ထိုင်းနာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ဈေးကွက်အတွင်းရှိ မှောင်ခိုဘီယာများ၏ ၈၀ ရာခိုင်နှုန်းသည် ထိုင်းနယ်စပ်မှ ဝင်ရောက်လာပြီး ၂၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်သည်။ ထို့ပြင် မှောင်ခိုဘီယာများ၏ ၇၅ ရာခိုင်နှုန်းသည် သံဘူးများ ဖြစ်ကြသည်ဟုလည်း လေ့လာချက်တွင် ဖော်ပြထားသည်။

တရားမဝင် ဘီယာကုန်သွယ်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် အစိုးရအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၄၈ သန်းမှ ၅၂ သန်းအထိ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ စာတမ်းက ခန့်မှန်းထားသည်။

ပြည်တွင်းရှိ ဘီယာထုတ်လုပ်သူများသည် ၂၀၁၆ ခုနှစ်တွင် အထူးကုန်စည်ခွန်အတွက် ကျပ်ဘီလျံ ၁၅ဝ ကျော်ကို ပေးဆောင်ခဲ့သည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.