Kirin က မြန်မာနိုင်ငံ၌ ဘီယာထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း တိုးမြှင့်မည်

မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ်မှုကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု မြန်မာနိုင်ငံ၏ ထိပ်တန်း ဘီယာချက်လုပ်ငန်းဖြစ်သည့် Myanmar Brewery ကို လုပ်ကိုင်နေသည့် Kirin က ပြောကြားသည်။

မြန်မာဘီယာကဲ့သို့ အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် Myanmar Brewery ၏ ရှယ်ယာအများစုကို တိုကျိုအခြေစိုက် Kirin Holdings က အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဂျပန် Nikkei Asian Review က ရေးသားထားချက်အရ Myanmar Brewery ၏ စက်ရုံတွင် စက်ပစ္စည်းအသစ်များကို Kirin က တပ်ဆင်ထားပြီးဖြစ်ကာ ဗူးဘီယာ ထုတ်လုပ်မှုကို ယခုလအတွင်း စတင်သွားမည်ဟုဆိုသည်။

ထို့ကြောင့် စက်ရုံ၏ နှစ်စဉ်ထုတ်လုပ်မှုသည့် ၆၀ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်က ထုတ်လုပ်မှု ၂၂၀,၀၀၀ ကီလိုလီတာ ရှိခဲ့ရာမှ ယခုအခါ ၃၅၀,၀၀၀ ကီလိုလီတာအထိ မြင့်တက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို Kirin က ချုပ်ကိုင်ထားသည်ဟု Nikkei Asian Review က ဆက်လက်ရေးသားထားသည်။ ထုတ်လုပ်မှု မြှင့်တင်ပြီးပါက Kirin ၏ နိုင်ငံရပ်ခြားရောင်းချမှု၏ ၁၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်လာမည်ဖြစ်ပြီး အရှေ့တောင်အာရှဈေးကွက်မှ ထိပ်တန်း ငွေရှာပေးသူလည်း ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ဘီယာချက်လုပ်ငန်းဖြစ်သည့် Mandalay Brewery ကိုလည်း အဆင့်မြှင့်တင်ရန် Kirin က စီစဉ်နေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar