ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ယနေ့စတင်ပြီ

အစည်းအဝေးသို့ လားရှိုး မဲဆန္ဒနယ်အမတ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းအမတ် ဒု သမ္မတ ဦးဉာဏ်ထွန်း အပါအဝင် အမတ် လေးဦးတို့ ခွင့်ယူခဲ့ကြ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်၌ စတင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ လားရှိုး မဲဆန္ဒနယ်အမတ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းအမတ် ဒု သမ္မတ ဦးဉာဏ်ထွန်း အပါအဝင် အမတ် လေးဦးတို့ ခွင့်ယူခဲ့ကြပြီး ပြည်သူ့လွှတ်တော် အမတ် ၃၁၉ ဦး၊ တပ်မတော်သားလွှတ်တော်အမတ် ၁၁၀ ဦးတို့ တက်ရောက်ကြရာ တက်ရောက်ခွင့်ရှိသည့် အမတ်ဦးရေ၏ ၉၉ ဒသမ ၃၁ ရာခိုင်နှုန်း တက်ရောက်ခြင်း ဖြစ်သည်။

ယခင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်၊ ယခင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်အဖွဲ့ဝင် ၃၆ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁၀ ဦး၊ သံအမတ်ကြီး လေးဦးနှင့် အခြားဧည့်သည်တော် ၂၂၈ ဦးတို့က အစည်းအဝေးသို့ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

ယနေ့အစည်းအဝေးတွင် လွှတ်တော် သဘာပတိ တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဟု အစည်းအဝေး၏ အခမ်းအနားမှူး ဦးတင်ဝင်းအောင်က ကြေညာသည်။

NLD ပါတီဝင် ချောင်းဆုံမြို့နယ် အမတ် ဒေါ်ခင်ဌေးကြွယ်အား သဘာပတိ အဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၀ နာရီ ၁၅ မိနစ်တွင် သဘာပတိ ဒေါ်ခင်ဌေးကြွယ်က လွှတ်တော်အမတ်များ ရှေ့တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။

တာမွေ မဲဆန္ဒနယ်အမတ် ဦးဝင်းမြင့်နှင့် ကွတ်ခိုင် မဲဆန္ဒနယ်အမတ် ဦးတီခွန်မြတ်တို့ကို လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌ နှစ်ပါးတို့က အများရှေ့တွင် ကတိသစ္စာ ပြုကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar