ထိုင်းသို့ မြန်မာများ သွားရောက်မှု ၃၉ ရာခိုင်နှုန်း တိုးလာ

ယခုနှစ် ပထမလေးလအတွင်း ထိုင်းနိုင်ငံသို့ မြန်မာများ သွားရောက်မှုမှာ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT)က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာခရီးသည် ၁၄၂,၃၃၁ ဦးရှိခဲ့ပြီး  ယခုနှစ်အတွင်း မြန်မာခရီးသည် ၃၄၅,၀၀ ဦးအထိ လာရောက်ရန် TAT က မျှော်လင့်ထားကာ ပြီးခဲ့သည့်နှစ်ကထက် ၂၆ ရာခိုင်နှုန်း တိုးလာရန် ခန့်မှန်းထားသည်။

၂၀၁၇ ခုနှစ်တွင် ယခုနှစ်ထက် မြန်မာခရီးသွားလာရောက်မှု ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာရန် မျှော်လင့်ထားပြီး ခရီးသည် ၃၇၀,၀၀၀ လာရောက်မည်ဟု TAT က ခန့်မှန်းထားသည်။ ထိုသို့လာရောက်ပါက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝင်ငွေ ဘတ် ၁၇ သန်းရရှိပြီး ၁၃ ရာခိုင်နှုန်း တိုးလာမည် ဖြစ်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာခရီးသည်တစ်ဦးလ ျှင် ခရီးစဉ်တစ်ခုအတွက် ဘတ်ငွေ ၄၃,၀၀၀ အသုံးပြုမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာခရီးသွားများက ခရီးစဉ်တစ်ခုလ ျှင် သုံးစွဲမှုမှာ လာမည့်နှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကာ ၄၅,၉၄၆ ဘတ်ရှိမည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံသည် မြန်မာများအတွက် ဆေးကုသရန်နှင့် ခရီးသွားလာရန် နေရာတစ်ခုအဖြစ် အဆင့်မြင့်တင်နိုင်မည့် အလားအလာများကို တွေ့မြင်နေရပြီဖြစ်သည်ဟု TAT က ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုက နိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းကို တိုးတက်စေသော်လည်း နိုင်ငံလူဦးရေ ၅၄ သန်းအနက် ၁ ဒသမ ၁၅ သန်းခန့်သာ ပြည်ပသို့ ခရီးသွားလာနိုင်သေးသည်ဟု TAT ၏ အာဆီယံနှင့် တောင်အာရှရေးရာ အမှုဆောင်ညွှန်ကြားရေးမှူး ဝါလိုင်လက်နွိုင်ပါယက်က ပြောသည်။

ထိုင်းနိုင်ငံ၏ ခေတ်မီမှု၊ ဇိမ်ခံပစ္စည်းများရှိမှု၊ ပြီးပြည့်စုံသည့် ဈေးဝယ်နေရာများကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း၏ ဂုဏ်သတင်းကို မြန်မာလူမျိုးများက ကောင်းစွာသိရှိနေပြီဖြစ်ကြောင်း AEC Focus: Myanmar 360 Degree ခေါင်းစဉ်ဖြင့်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar