ဆောက်လုပ်ရေးလုပ်သားများနှင့် လုပ်ငန်းခွင် အန္တရာယ်

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဆောက်လုပ်ရေး အလုပ်သမားများအား မတော်တဆဖြစ်မှုများမှ ကာကွယ်ပေးနိုင်မည့် အစီအမံများ နည်းပါးနေသေးသည်။

ဓာတ်ပုံနှင့် ရေးသားသူ ငြိမ်းစုဝေကျော်စိုး

မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ကြည့်မည်ဆိုလျှင် ဘေးကင်းလုံခြုံရေး စံနှုန်းများ မပြည့်မီသည်ကို တွေ့ရမည်ဖြစ်သည်။ မြေတူးစက်များကို အလုပ်သမားများက ညှပ်ဖိနပ်များ စီး၍တူးနေခြင်း၊ အဆောက်အဦး၏ မခိုင်မခံ့သော ငြမ်းများပေါ်  အမြင့်တွင် လုံခြုံရေးခါးပတ်ကြိုးများ တပ်ဆင်ခြင်းမရှိပဲ အလုပ်သမားများ အလုပ်လုပ်နေခြင်း စသည့်မြင်ကွင်းများဖြစ်သည်။

ထိုမြင်ကွင်းများသည် မြန်မာနိုင်ငံတွင် မြင်နေကျ မြင်ကွင်းများသာ ဖြစ်သည်။

“ကျွန်တော်ကတော့ ဒါကြီးဆောင်းရတာ မကြိုက်ဘူး” ဟု ကိုအောင်ဝင်းက နေ့လယ်ခင်း အနားယူချိန်တွင် သူဆောင်းထားရသော ကာကွယ်ရေးဦးထုပ်ကို ညွှန်ပြရင်း ပြောသည်။

“ဒီခေါင်းဆောင်းကြီးက အရမ်းလေးတယ်။ အဲဒါကြီး ဆောင်းထားရင် ခေါင်းကိုက်လာတယ်။ ရာသီဥတုက ပူတော့ ချွေးကလည်း ထွက်တယ်။ လွတ်လွတ်လပ်လပ် မရှိဘူး။ ဒါပေမဲ့ မဆောင်းလို့ မရဘူး” ဟု သူက ဆက်လက် ပြောကြားသည်။

nswks-36.jpg

ကိုထင်အေးမှာလည်း ရန်ကုန်ရှီ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ရေးတွင် ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။ “ထိုင်းမှာက ဘေးကင်းရေး စံနှုန်းတွေက မြင့်မားပါတယ်” ဟု သူကပြောသည်။

“ထိုင်းမှာက လုံခြုံရေး အဝတ်အစားတွေ မဝတ်ရင် လစာရဲ့ ၃ ပုံ ၁ ပုံကို ဒဏ်ငွေတပ်တယ်။ ကျွန်တော်တို့က လခလည်း မကောင်းဘူး။ ဒီတော့ ဒဏ်ငွေပေးရရင် လစာက သုညပဲ ကျန်မယ်။ ကျွန်တော်တို့က ဘေးကင်းဖို့ ဝတ်တာမဟုတ်ဘူး။ ပိုက်ဆံအဖြတ် မခံရအောင်လို့ ဝတ်ရတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သော ဆောက်လုပ်ရေး အလုပ်သမားများက ပြောကြားရာတွင် ၎င်းတို့ လုပ်ကိုင်သော လုပ်ငန်းခွင်တွင် သေဆုံးမှုများနှင့် အပြင်းအထန် ဒဏ်ရာရရှိသူများ ရှိကြသည်ဟု ဆိုသည်။

typeof=

“ဒီပြဿနာတွေကို သူတို့ ဘယ်လို ဖြေရှင်းလဲတော့ မသိဘူး။ သေဆုံးသွားတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေကို လျော်ကြေးပေးတာ၊ ဆေးရုံတင်ပေးတာတို့ လုပ်မယ်ထင်တယ်” ဟု ကိုထင်အေးကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများ သေဆုံးခြင်းနှင့် အပြင်းအထန် ဒဏ်ရာရရှိခြင်းများ အများအပြား ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လက မန္တလေးရှိ ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ငြမ်းပြိုကျသဖြင့် အလုပ်သမား ၂ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလက အင်းစိန်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အသက် ၂၀ ခန့်ရှိသော အလုပ်သမားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

အလုပ်သမားများကို ကာကွယ်ပေးသော ဥပဒေများက ခေတ်နောက်ကျနေပြီဟု ဝေဖန်သူများက ဆိုသည်။ လုပ်ငန်းခွင် ဘေးကင်းရှင်းရေး ဥပဒေများမှာလည်း ၁၉၅၁ ခုနှစ် စက်ရုံဥပဒေက ပြဌာန်းထားသည့် အတိုင်းသာ ဖြစ်နေသည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရက လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်းရေး ဥပဒေ မူကြမ်းကို ဆွေးနွေးခဲ့သည်။ သို့သော် ထိုဥပဒေကို လွှတ်တော်သို့ မတင်သွင်းရသေးပေ။

မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ပန်းရံသမား တစ်ဦး၏အဆိုအရ သူသိသော အလုပ်သမား အားလုံးတွင် အသက်အန္တရာယ် ထိခိုက်မှုအာမခံ ထားရှိထားခြင်း မရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ကို လျော်ကြေးပေးမယ်သူ ဘယ်သူမှ မရှိဘူး” ဟု ၎င်းကပြောသည်။

typeof=

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ပတ်သက်ပြီး ထိရောက်သော တရားဝင်ဥပဒေ မရှိသောကြောင့် ၎င်းကို သီးခြားလုပ်ငန်း တစ်ခုချင်းစီက ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်လျှက် ရှိကြသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ အနည်းငယ်ကသာ အလုပ်သမားများအတွက် အသက်အာမခံများ ထားရှိပေးထားကြသည်။ တစ်ချို့ ကုမ္ပဏီများကမူ ထိခိုက်ဒဏ်ရာ ဖြစ်သောအခါမှ လျော်ကြေးပေးကြသည်။ အလုပ်၏ သဘောအရ ကျပန်းအလုပ်မျိုး ဖြစ်နေသည့်အခါများတွင် မည်သည့်လျော်ကြေးမှ ပေးခြင်းမရှိတော့ပေ။

ကိုသူရအောင်က မလေးရှားတွင် ပိုက်တပ်ဆင်သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူ၏အဆိုအရတစ်လလျှင်း ကျပ် ၉ သိန်းခန့်အထိ ဝင်ငွေ ရရှိသည်ဟု ဆိုသည်။

“မလေးရှားမှာက ဒါကို နည်းတယ်လို့ ဆိုနိုင်တယ်။ ဒီအလုပ်ကိုဘဲ မလေးရှား နိုင်ငံသားကလုပ်ရင် ကျပ် ၁၅ သိန်းလောက်အထိ ရတယ်။ မြန်မာဆိုရင် ၉ သိန်းလောက်ဘဲ ရတယ်” ဟု ၎င်းကပြောသည်။

nswks-108.jpg

“မြန်မာအလုပ်သမားတွေက မလေးရှားမှာ တခြားနိုင်ငံက အလုပ်သမားတွေထက် လစာလျော့ပြီး ရကြတယ်။ တစ်ချို့က ဒါကို ညည်းငြူကြတယ်။ ဒါပေမယ့် သူတို့ မြန်မာနိုင်ငံကို ပြန်လာရင်လည်း ဝင်ငွေက ပိုဆိုးမှာပဲ” ဟု သူက ပြောသည်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသည့် ကိုဆွေဝင်းက “မြန်မာနိုင်ငံမှာလည်း ပြည်တွင်းက အလုပ်သမားတွေဆို တစ်နေ့ကို ကျပ်တစ်သောင်းလောက်ပဲ ရကြတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကျတော့ ငါးဆ လောက် ပိုရကြတယ်”ဟု ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ဘယ်နိုင်ငံမှာ လုပ်လုပ် လစာအနှိမ်ခံနေရတာပဲ။ ဒါက မတရားဘူး”ဟု သူက ဆိုသည်။

typeof=

Capital ဆောက်လုပ်ရေးလုပ်ငန်း၏ စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ ဦးတင်မောင်က နိုင်ငံခြားသား အလုပ်သမားများအား လစာပိုပေးရခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုသည်။ ”သူတို့က ပိုပြီး အလုပ်ကျွမ်းကျင်လို့ပါ” ဟု သူက ဆိုသည်။

“နိုင်ငံခြားသားတွေက အလုပ်လုပ်တာ မြန်တယ်။ အလုပ်ကို နောက်မကျဘူး။ မြန်မာ အလုပ်သမားတွေက အလုပ်နောက်ကျတယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့ အလုပ်က ၈ နာရီခွဲ စတယ်။ ဒါပေမယ့် သူတို့က အချိန်မီ မရောက်ဘူး။ သူတို့က မနက်စာ စားပြီး ကော်ဖီသောက်ပြီး မနက် ၉ နာရီမှ အလုပ်ကို ရောက်တယ်။ နိုင်ငံခြားသား ဆောက်လုပ်ရေး အလုပ်သမားတွေက ဈေးကြီးပေမယ့် တန်တယ်” ဟု သူကဆိုသည်။ 

typeof=

ကိုဆွေဝင်းကမူ အပိုဝင်ငွေ ရရှိစေရန်အတွက် အချိန်ပို ဆင်းကြရသည်ဟု ဆိုသည်။ “တစ်ခါတစ်လေကျ ကျွန်တော်တို့က တစ်ညလုံး အလုပ်လုပ်ကြတယ်။ လစာက ၂ ဆတော့ရတယ်။ ဒါပေမယ့် အရမ်းပင်ပန်းတယ်” ဟု ကိုဆွေဝင်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.