UAB ဘဏ်က ၎င်း၏ မိုဘိုင်းအပလီကေးရှင်းကို မိတ်ဆက်

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်  UAB Bank က ၎င်း၏ မိုဘိုင်းအပလီကေးရှင်းအား ပြီးခဲ့သည့်ရက်သတ္တပတ်က စတင်မိတ်ဆက်လိုက်သည်။

အဆိုပါအပလီကေးရှင်းဖြင့် ဘဏ်လုပ်ငန်းများအတွက် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ပြီး Biometric စနစ်ဖြင့် login ပြုလုပ်နိုင်မည်ဟုဆိုသည်။

“အခုလိုမျိုး uab Mobile Banking ကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအနေနဲ့ လက်ကျန်ငွေစစ်ဆေးခြင်း၊ သူတို့လုပ်ထားတဲ့ transaction history တွေကို ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်းစတာတွေကို ဘယ်နေရာကနေပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ဘဏ်၏  Head of Digital ဖြစ်သူ Ho Yow Chan က ပြောကြားသည်။

ထို့ပြင် ဘဏ်၏ Prepaid Visa ကတ်အသုံးပြုသူများအနေဖြင့်လည်း ကတ်တွင်းသို့ ငွေသားဖြည့်သွင်းခြင်းကို အပလီကေးရှင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမိုကောင်းမွန်တဲ့ အခြားသောလုပ်ဆောင်ချက်တွေကိုလည်း ဆက်ပြီး ဖန်တီးဆောင်ရွက်ပေးသွားဦးမှာဖြစ်ပါတယ်” ဟု Ho က ဆက်လက်ပြောကြားသည်။

အဆိုပါမိုဘိုင်းအပလီကေးရှင်းကို Google Play Store နှင့် Apple App Store များတွင် ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် UAB Bank သည် ယခုအခါ မြို့နယ်ပေါင်း ၄၇ ခုတွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ် ဖွင့်လှစ်ထားပြီးဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar