M- ပိုက်ဆံအမည်ဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို အူရီဒူး စတင်မိတ်ဆက်

“M-ပိုက်ဆံ” လို့ အမည်ပေးထားတဲ့ မိုဘိုင်ငွေကြေးဝန်ဆောင်မှုကို အူရီဒူးမြန်မာက စက်တင်ဘာ ၂၉  ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ခြင်းအားဖြင့် မိုဘိုင်းငွေရေးကြေးရေးဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ ချက်ခြင်းပိုက်ဆံလွှဲခြင်းနဲ့ ငွေပေးချေမှုတွေကို ခလုတ်ဖုန်း၊ ဒါမှမဟုတ် စမတ်ဖုန်းတွေကတဆင့် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး လူနေမှုဘဝပုံစံကို ပြောင်းလဲပေးနိုင်မှာဖြစ်တယ်လို့ အူရီဒူးက ပြောကြားပါတယ်။

“ကမ္ဘာအနှံ့ ဆောင်ရွက်ချက်များတွင် အူရီဒူးသည် အားလုံးအတွက် ဘဏ္ဍာရေးနှင့် ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်းမွန်ခိုင်မာသည့် အထောက်အပံ့များ ပေးအပ်နိုင်သည့် လုပ်ငန်းကြီးတစ်ခု ဖြစ်သည့်အလျောက် မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်များကို ပိုင်ဆိုင်နိုင်စေဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို M-ပိုက်ဆံက အောင်မြင်စေတာပဲဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာ၏ ယာယီစီအီးအိုဖြစ်သူ Mr. Vikram Sinha က ပြောကြားပါတယ်။

M-ပိုက်ဆံသည် အူရီဒူးသုံးစွဲသူတွေအတွက် ရည်ရွယ်ဆောင်ရွက်ထားသည့် မိုဘိုင်း Wallet မှ လည်းကောင်း၊ M-ပိုက်ဆံဝန်ဆောင်မှုအတွက် မှတ်ပုံတင်ထားခြင်းမရှိတဲ့ သုံးစွဲသူတွေအနေနဲ့ အူရီဒူးစတိုးကတစ်ဆင့် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူတွေအကြား ငွေကြေးလွှဲပြောင်းမှုကို လုံခြုံစိတ်ချ သေချာစွာ ဝန်ဆောင်မှုပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် M-ပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ အသုံးပြုသူရဲ့  CB ဘဏ်စာရင်းနဲ့ မိုဘိုင်းငွေကြေးအကြား ငွေသွင်းငွေထုတ်တာတွေ ပြုလုပ်နိုင်တဲ့အပြင် အချိန်နဲ့တစ်ပြေးညီ ငွေအဝင်အထွက် စစ်ဆေးနိုင်တဲ့စနစ်ပါဝင်တဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ အူရီဒူးမြန်မာရဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ တောင်ကြီးတို့ရှိ M-ပိုက်ဆံ ကိုယ်စားလှယ်ပေါင်း ၂,၄ဝဝ ထံမှာ ငွေကြေးလွှဲပြောင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောဒေသတွေမှာ ကိုယ်စားလှယ် ၇,၅၀၀ ထပ်မံတိုးချဲ့သွားမယ်လို့လည်း အူရီဒူးကပြောပါတယ်။

ဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့ M-ပိုက်ဆံကိုယ်စားလှယ်တွေထံမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းနဲ့ ငွေကြေးလွှဲပြောင်းပေးတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေအတွက် စစ်မှန်တဲ့ လိုအပ်ချက်ရှိနေပါတယ်။ M-ပိုက်ဆံက သုံးစွဲသူတွေ လိုလားတောင့်တလျက်ရှိတဲ့ ဒီဂျစ်တယ်ငွေကြေးပိုင်းဆိုင်ရာ အသုံးပြုခွင့်ကို ရရှိစေမှာဖြစ်ပြီး သူတို့ရဲ့ ဒီဂျယ်တယ်စနစ်နဲ့ လူနေမှုဘဝကို ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Mr. Vikram က ဆက်လက်ပြောကြားပါတယ်။

မကြာမီမှာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေဝယ်ယူရာမှာ ငွေပေးချေမှုအတွက် QR Code စနစ်၊ အိမ်ရဲ့ အထွေထွေအသုံးစရိတ်တွေနဲ့ စည်ပင်သာယာရေးဝန်ဆောင်ခများစတာတွေကို ပေးဆောင်ဖို့အတွက် ဝန်ဆောင်မှုတွေကို ပိုမိုပြည့်စုံကောင်းမွန်စေမယ့် လုပ်ဆောင်ချက်တွေနဲ့ ထည့်သွင်းဆောင်ရွက်သွားမယ်လို့ အူရီဒူးကပြောပါတယ်။

မိုဘိုင်းအခြေပြု ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို တယ်လီနောမြန်မာက ရိုးမဘဏ်နှင့် ပူးပေါင်းကာ Wave Money အမည်ဖြင့် လုပ်ဆောင်နေသလို အမ်ပီတီကလည်း မကြာမီစတင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.