Grab အငှားယာဉ်ဝန်ဆောင်မှုကို ရန်ကုန်မြို့၌ တရားဝင်စတင်

ရန်ကုန်၊ ဇူလိုင် ၂၇

အရှေ့တောင်အာရှဒေသ၏ နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Grab က ၎င်း၏ ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် ယမန်နေ့က တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

မိုဘိုင်းဖုန်းအပလီကေးရှင်းအသုံးပြုကာ အငှားယာဉ်ခေါ်ယူနိုင်သည့် အဆိုပါဝန်ဆောင်မှုကို ပြီးခဲ့သည့် မတ်လကတည်းကတည်း စတင်ကာ ရန်ကုန်မြို့တွင် စမ်းသပ်ခဲ့ပြီးနောက် ယခုကဲ့သို့ စတင်လိုက်ခြင်းလည်း ဖြစ်သည်။

လေးလကြာ ေအောင်မြင်သည့် စမ်းသပ်မှုအတွင်း Grab နှင့် ချိတ်ဆက်ထားသည့် ယာဉ်မောင်းများအနေဖြင့် လစဉ်ဝင်ငွေ ပျမ်းမျှ ၃၀ ရာခိုင်နှုန်း တိုးလာပြီး ယခုအခါ ယာဉ်မောင်း ၅,၀၀၀ ကျော်မှာ Grab နှင့်အတူ လက်တွဲလုပ်ကိုင်နေပြီဖြစ်သည်ဟု Grab ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Grab ၏ ဝန်ဆောင်မှုများကို ရန်ကုန်မြို့သို့ ယူဆောင်လာခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြီးခဲ့သည့် လေးလအတွင်း ဒေသခံအသိုင်းအဝိုင်းကလည်း အားပေးလက်ခံသလို အစိုးရကလည်း ပံ့ပိုးကူညီပေးခဲ့သည်ဟု Grab အား ပူးတွဲတည်ထောင်သူ Hooi Ling Tan က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ယမန်နေ့ကကျင်းပသည့် Grab ဝန်ဆောင်မှု တရားဝင်စတင်သည့် အခမ်းအနားတွင် ပြောကြားသည်။

“ယာဉ်မောင်တွေရဲ့ ဝင်ငွေမြင့်မားလာတာ၊ အငှားယာဉ်တွေရဲ့ အဆင့်အတန်းတိုးတက်လာတာနဲ့ ထိရောက်တဲ့ ပို့ဆောင်ရေးစနစ်ဖြစ်လာတာတွေအပါအဝင် ကောင်းမွန်တဲ့ ရလာဒ်တွေကို ကျွန်မတို့ တွေ့လာရပါတယ်” ဟု ၎င်းကပြောကြားသည်။

“အခုဆိုရင် Grab က ရန်ကုန်မြို့မှာ အပြည့်အဝ လုပ်ငန်းလည်ပတ်နေပြီဆိုတာ ပြောချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တွင် ကောင်းမွန်သည့် အငှားယာဉ်ဝန်ဆောင်မှုစနစ်တစ်ခု ရှိနေစေရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက လိုလားသည်ဟု ပြောကြားသွားသည်။

“အထူးသဖြင့် ခရီးသည်တွေရော၊ ယာဉ်မောင်းတွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ Oway Ride နှင့် Hello Cab ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများကလည်း နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုများကို ပြီးခဲ့သည့်နှစ်က စတင်၍ ဆောင်ရွက်လျှက်ရှိသလို အမေရကန်အခြေစိုက် Uber လည်း ပြီးခဲ့သည့်မေလကစတင်ကာ ဝန်ဆောင်ပေးလျက်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.