ကြောက်ရွံ့ခြင်းနဲ့ခွဲခြားဆက်ဆံခြင်းတွေကြောင့် မွန်ပြည်နယ်ကကျေးရွာတချို့မှာ သူတို့ရွာအတွင်း ပြည်ပက ပြန်လာသူတွေအတွက် ကွာရန်တင်းစင်တာ တည်ဆောက်ဖို့ကိစ္စကို ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒေသခံတွေက သူတို့ဒေသထဲဝင်လာမယ့်၊ ထိုင်းနိုင်ငံက ပြန်လာမယ့် ထောင်ပေါင်းများစွာသောသူတွေအတွက် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာနဲ့ သူတို့ကျေးရွာတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။ ပြန်လည်ရောက်ရှိလာမယ့်သူတွေအတွက် ကွာရန်တင်းထားဖို့အတွက် အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့အတူ မွန်ပြည်နယ်အတွင်း လူထုအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို နားထောင်ကြည့်ရအောင်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်းကျောင်းသားများသည် နိုင်ငံတကာတက္ကသိုလ်များသို့ ဝင်ခွင့်ရရန် ကြိုးပမ်းရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။
Frontier ရေးသားသည်။