Episode125: ရာမညမြေမှ စိန်ခေါ်မှုများနှင့်ကွာရန်တင်း

ကြောက်ရွံ့ခြင်းနဲ့ခွဲခြားဆက်ဆံခြင်းတွေကြောင့် မွန်ပြည်နယ်ကကျေးရွာတချို့မှာ သူတို့ရွာအတွင်း ပြည်ပက ပြန်လာသူတွေအတွက် ကွာရန်တင်းစင်တာ တည်ဆောက်ဖို့ကိစ္စကို ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒေသခံတွေက သူတို့ဒေသထဲဝင်လာမယ့်၊ ထိုင်းနိုင်ငံက ပြန်လာမယ့် ထောင်ပေါင်းများစွာသောသူတွေအတွက် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာနဲ့ သူတို့ကျေးရွာတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။ ပြန်လည်ရောက်ရှိလာမယ့်သူတွေအတွက် ကွာရန်တင်းထားဖို့အတွက် အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့အတူ မွန်ပြည်နယ်အတွင်း လူထုအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို နားထောင်ကြည့်ရအောင်။