Episode 83: နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့က ထူးခြားတဲ့အခမ်းအနား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတဲ့ လေရှီးမြို့က အခမ်းအနားတွေ ကျင်းပလေ့ရှိတဲ့ ကွင်းမှာ ထူးခြားတဲ့ အခမ်းအနားတစ်ခုကို ဧပြီလနောက်ပိုင်းတုန်းက ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါးကြာမြင့်နေပြီဖြစ်တဲ့ မြေယာအငြင်းပွားမှုကို ဖြေရှင်းဖို့အတွက် နာဂမျိုးနွယ်စုတွေထဲက လူနှစ်ယောက် ရေပြိုင်ငုပ်ကြတဲ့ အခမ်းအနားဖြစ်ပါတယ်။ နာဂအုပ်ချုပ်ခွင့်ရဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေကတော့ ဒီလိုအခမ်းအနားဟာ နာဂရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အခမ်းအနားဖြစ်ပြီး ဒီလိုမျိုး အခမ်းအနားတွေကို ကျင်းပခဲတယ်လို့ ဆိုပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်လာချိန်မှာ ဒီလိုရိုးရာဓလေ့တွေ လုံး၀ ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်လို့လည်း ဆိုကြပါတယ်။