၁၉၈ဝနဲ့ ၁၉၉ဝပြည့်လွန်နှစ်တွေက နေရပ်စွန့်ခွာခဲ့ကြရတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံကနေ ပြီးခဲ့တဲ့နှစ်အနည်းငယ်က မြန်မာနိုင်ငံအတွင်းက သူတို့နေရပ်ကို ပြန်လာခဲ့ကြပါတယ်။ အဲဒီဒေသခံရွာသားတချို့ဟာ သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက လုပ်ငန်းအတွက် ငှားရမ်းထားတယ်ဆိုတာကို သိလိုက်ရပြီး လက်ရှိအချိန်မှာတော့ မြေယာကျူးကျော်မှုနဲ့ တရားစွဲဆိုခံနေရပါတယ်။ ဒီအကြောင်းတွေကို အခုတစ်ပတ် ဒို့အသံအပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝန်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတဝန်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။