Episode 92: လယ်ယာမြေပြန်ရဖို့ ၁၅ နှစ်စောင့်ရတဲ့ တနင်္သာရီတိုင်းက လယ်သမားများ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဧက ၅,၀၀၀ ခန့်ရှိတဲ့ လယ်ယာမြေတွေကို အသုံးမပြုဘဲ အစိုးရက သိမ်းထားတာ ၁၅ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ရည်ရွယ်ချက်နဲ့ လယ်သမား ၁,၀၀၀ ကျော်ဟာ သူတို့ရဲ့မြေတွေကို ၂၀၀၄ ခုနှစ်မှာ ဆုံးရှုံးခံလိုက်ရပါတယ်။ အဲဒီစီမံကိန်းက ဘယ်တော့မှ ဖြစ်မလာပေမဲ့လည်း ဒေသခံတွေကတော့ လယ်ယာမြေတွေ ပြန်မရရှိပါဘူး။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch နဲ့ ဒို့အသံတို့ဟာ လယ်ယာမြေတွေပြန်ရဖို့ အချိန်တော်တော်ကြာကတည်းက တိုက်ပွဲဝင်နေတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။