Episode 75: လက်ပတောင်းဒေသခံတွေရဲ့ဒေါသသံတွေ

စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံတွင်းမှာ အငြင်းပွားစရာအဖြစ်ဆုံး စီမံကိန်းတစ်ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအနီးက လက်ပတောင်းတောင်ကြေးနီသတ္တုတွင်း ဖြစ်နေပါတယ်။

ဒီတစ်ပတ်မှာတော့ ဒို့အသံရဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ စီမံကိန်းကြောင့် ထိခိုက်ခံစားရတဲ့ ကျေးရွာတွေဆီ သွားရောက်ခဲ့ပြီး မြေယာသိမ်းဆည်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အပါအဝင် ဒေသခံတွေရဲ့ ဒေါသသံတွေကို ကြားသိခဲ့ရပါတယ်။

ဆောင်းပါးကို အပိုင်း(၂)ပိုင်းခွဲကာ ထုတ်လွှင့်ပေးထားပါတယ်။

အပိုင်း(၁)