အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံတွင်းရှိလူငယ်တွေက ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကိုတွန်းလှန်ဖို့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ သူတို့တွေ ပါဝင်လာကြပါတယ်။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် အာဏာရှင်စနစ်တိုက်ဖျက်ရာမှာ ကဏ္ဍစုံက ပါဝင်နေတဲ့ လူငယ်တွေရဲ့အကြောင်းကို တင်ဆက်ပေးမှာပါ။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ မြန်မာနဲ့နိုင်ငံတဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။