ဒီတစ်ပတ်မှာတော့ နိုင်ငံတော်လျှို.ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ်ခုနှစ်နှစ်စီကို ယခုလအစောပိုင်းက ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မိသားစုဝင်တွေကို ဒို့အသံက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
သတင်းထောက် နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အင်စိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ သူတို့ကို အကျဉ်းချထားခြင်းဟာ မိသားစုဝင်တွေရဲ့ ဘဝ တွေ၊ အထူးသဖြင့် သူတို့ရဲ့ သမီးငယ် နှစ်ဦးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိသလဲဆိုတာကို သူတို့ရဲ့ ဇနီးတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဆောင်းပါး ဒုတိယပိုင်းကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။