Episode 41: အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ

ယခုရက်သတ္တပတ်ဟာ စစ်အာဏာရှင်အစိုးရကို တစ်နိုင်ငံလုံး အုံကြွ ဆန့်ကျင်ခဲ့ကြလို့ တစ်ပါတီအာဏာရှင် ဆိုရှယ်လစ်အစိုးရ ရပြုတ်ကျလုနီးပါးဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်(၃၀)ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။

လပေါင်းများစွာကြာတဲ့ ဒီကန့်ကွက်ပွဲကြီးဟာ ၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့မှပဲ ပြီးဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကြီးမှာ စစ်အစိုးရရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားအများအပြား ရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတစ်ယောက် ဖြစ်ပါတယ်။ တခြား အမျိုးသမီးပေါင်းများစွာကလည်း သူတို့ရဲ့နိုင်ငံရေးခံယူချက်တွေကြောင့် အကျဉ်းထောင်တွေထဲမှာ နေထိုင်ခဲ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ ဒို့အသံက နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတစ်ချို့နဲ့တွေ့ဆုံပြီး နိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အကြောင်းရင်းတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။