Episode 27: ဗြိတိန်သံအမတ်ကြီးနှင့် တွေ့ဆုံခြင်း

ဒီတစ်ပတ်မှာတော့ တာဝန်ထမ်းဆောင် ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး အင်ဒရူးပတ်ထရစ် နဲ့တွေ့ဆုံမေးမြန်းထားမှုကို နားဆင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့သံတမန်တွေကြားထဲမှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ မစ္စတာ အင်ဒရူးပတ်ထရစ်ဟာ မြန်မာနိုင်ငံရဲ့ အနိမ့်အမြင့်အပြောင်းအလဲတွေကို ကိုယ်တိုင် တွေ့မြင်ခဲ့သူ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့နောက်ဆုံးနေ့ရက်တွေ၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်၂၀၁၅ရွေးကောက်ပွဲနဲ့ နိုင်ငံရဲ့ပထမခြေလှမ်းဖြစ်တဲ့ ဒီမိုကရေလမ်းကြောင်းပေါ်ကို သွားနေချိန်မှာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွကိုလည်း ကြုံတွေ့ခဲ့ရသူလည်း ဖြစ်ပါတယ်။

သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေကို သူက ပွင့်ပွင့်လင်းလင်း ပြောကြားထားပါတယ်။

နားဆင်ကြည့်ပါ။