Episode 15: တအာင်းကလေးငယ်တစ်ဦးရဲ့ နာကျင်ဖွယ် တိုးတိတ်ဖြစ်ရပ်

မင်္ဂလာပါရှင်။ ပြည်တွင်းရဲ့ ပထမဆုံး podcast ဖြစ်တဲ့ ဒို့အသံ အပတ်စဉ် အသံလွှင့် အစီအစဉ် ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ မတရားအသင်း ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တအာင်းကလေးငယ်တစ်ဦးရဲ့အကြောင်းကို တင်ပြသွားမှာပါ။

အသက်(၁၄)နှစ်အရွယ်ရှိတဲ့ မိုင်းချိုမင်းထွေးဟာ မန္တလေး ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းမှာ ဒီကနေ့ထိ အခက်အခဲများစွာနဲ့ နေနေရတုန်းပါ။ သူ့ကို စွပ်စွဲထားတဲ့ အမှုနဲ့ ပတ်သတ်ပြီး သူ မကျူးလွန်ခဲ့ဘူး ဆိုပြီး မိသားစုဘက်က ပြောပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို အထက်က တင်ဆက်ပေးထားပါတယ်။