Episode 15: တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ် ကိုဗစ်-၁၉သတင်းများ

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။

ဒီတစ်ပတ်မှာတော့

⦿ တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။

⦿ တစ်ပတ်တွင်းမှာသေဆုံးသူ ၄၇ ဦးထိတိုးလာ၊ ရောဂါခံမရှိဘဲသေဆုံးသူတစ်ဦးရှိ။

⦿ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနကို အ.ထ.က(၂)၊ လသာကျောင်းဝင်းအတွင်းကို ပြောင်းရွှေ့ဖွင့်လှစ်။

⦿ ပင်စင်စားဝန်ထမ်းတွေ လစဉ်၂၁ရက်၊ တစ်ရက်တည်းအပြင် နောက်ပိုင်းဘဏ်ဖွင့်တဲ့ရက်တွေနဲ့ နီးစပ်ရာ Mobile Agent တွေမှာလည်း ထုတ်ယူနိုင်။

⦿ ကိုဗစ်-၁၉ ဂယက်ကြောင့် ထားဝယ်မှာကွန်ပျူတာတွေ ရောင်းအားတက်။

⦿ ပလက်ဝ မြို့မပျံကျဈေးကို အချိန်တိုးမြှင့်ဖွင့်လှစ်။

⦿ နိုင်ငံတော်က ပေးအပ်ငွေကို အလွဲသုံးစားလုပ်တာကြောင့် ဟုမ္မလင်းမြို့၊ ခိုပဲဝဲရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်ကရပ်ဆိုင်း။

⦿ မွန်ပြည်နယ်မှာ ပိုးတွေ့ရှိမှုများလာတာကြောင့် ကိုဗစ်ကုသရေးအတွက် နေရာသစ်တွေစီစဉ်။

⦿ မြစ်ကြီးနားလာရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကွာရန်တင်းဝင်ရမည်။

⦿ တောင်ကြီးမြို့ပေါ်မှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်တဲ့သူကို ၁၅မိနစ် မတ်တပ်ရပ်တဲ့ ပြစ်ဒဏ်ပေး။

⦿ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့နောက်ပိုင်းတရုတ်အစိုးရက နယ်စပ်တစ်ကြောလုံး လုံခြုံရေးတိုးချ။

⦿ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေအတွင်း လူဝင်လူထွက် ပိုမိုတင်းကျပ်။

⦿ မြစ်ကြီးနားမှာ Gymနဲ့ အားကစားရုံတွေ ပိတ်တာကြောင့် စက်ဘီးစီးနှင်းလာသူတွေပိုများပြား။

စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar