Episode 110: တနင်္သာရီတိုင်းအတွင်းရှိ မြေမြှုပ်မိုင်းအန္တရာယ်များ

တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပေမဲ့လည်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့နယ်မြေတွေမှာ မြေမြှုပ်မိုင်းကို ဆက်လက်ထောင် ထားနေကြဆဲဖြစ်ပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေရဲ့ အကျိုးဆက်တွေကိုတော့ ပြည်သူတွေက ခံစားနေကြရပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Mon News Agency နဲ့ ဒို့အသံတို့ဟာ မြေမြှုပ်မိုင်းကြောင့် ဘဝဖျက်ဆီးခံလိုက်ရတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ စကားပြောခဲ့ပါတယ်။ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။