Episode 11: ကျောက်မီးသွေး၊ လျှပ်စစ်စွမ်းအင်နဲ့ လူ့အခွင့်အရေး

အပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးက ပြည်သူတွေအတွက် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာကို ဒို့အသံက ဆက်လက် တင်ဆက်ပေးမှာပါ။

ကြီးမားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် ကရင်ပြည်နယ်က ရွာသူရွာသားတွေဟာ ဒီစက်ရုံကြောင့် သူတို့ရဲ့နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေ ဖြစ်လာမှာကို စိုးရွံ့နေကြတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။