Episode 103 : ဝမ်းရေးခက်လာတဲ့ ဆလုံတိုင်းရင်းသားများ

မြန်မာနိုင်ငံတောင်ဘက်က ပင်လယ်ပြင်မှာရှိတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းတွေဟာ ဆလုံလူမျိုးတွေရဲ့ ရေစားကျက်နဲ့ ရိုးရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ခြိမ်းခြောက်နေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch နဲ့ ဒို့အသံတို့ဟာ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေထိခိုက်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ လူနည်းစု တိုင်းရင်းသားတွေရှိတဲ့ မြိတ်ကျွန်းစုတွေဆီကို ခရီးထွက်ခဲ့ပါတယ်။