Episode 96: ထားဝယ်ငါးဖမ်းသမားတို့ရဲ့ ပကတိအခြေအနေနဲ့ဥပဒေကြား အရှုပ်အထွေးများ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ အတူ ငါးဖမ်းသင်္ဘောကြီးတွေနဲ့ အကြီးအကျယ်ငါးဖမ်းလာကြလို့ ငါးမျိုးစုံရှားပါးလာတဲ့အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းက ငါးဖမ်းသမားတွေဟာ ကမ်းဝေးရေနက်ပိုင်းမှာဖမ်းနိုင်တဲ့ စက်လှေအကြီးစားတွေဝယ်ယူပြီး ငါးဖမ်းထွက်ကြရပါတယ်။ မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေအရ ဒေသခံငါးဖမ်းသမားတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့နေရာတွေမှာ ငါးဖမ်းလို့ရနိုင်စေဖို့ စက်လှေကြီးတွေ ရင်းနှီးမြှုပ်နှံမှုမပြုနိုင်အောင် လှေအရွယ်အစားကို ကန့်သတ်ထားတာမျိုးရှိပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch နဲ့ ဒို့အသံတို့ဟာ သူတို့ရဲ့သက်မွေးဝမ်းကျောင်းမှုကိုပဲ စွန့်လွှတ်မှာလား၊ ဒါမှမဟုတ် ဥပဒေကိုပဲ ချိုးဖောက်မှာလားဆိုပြီး ဖိအားဒဏ်ခံနေရတဲ့ ဒေသခံငါးဖမ်းသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။