ကိုဗစ်မုန်တိုင်းကြားက မကွေးရေနံမြေ လက်ယက်တွင်းသမားများဘဝ

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့ရေနံဈေး ရုတ်ချည်းထိုးကျသွာလို့ မကွေးတိုင်းဒေသကြီးမြောက်ပိုင်းက အထွက်ကောင်းတဲ့ လက်ယက်တွင်းသမားတွေ ထောင်နဲ့ချီပြီး စွန့်ခွာထွက်သွားကြတယ်။

နေအောင် ရေးသားသည်။

လူဦးရေ ငါးသိန်းဝန်းကျင်က မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် နှစ်ခုရဲ့နယ်စပ် မိုင် ၂၀ ပတ်လည်က တောတောင်တွေထဲမှာ သူတို့ရဲ့ဘဝတွေကိုမြှုပ်နှံထားကြပါတယ်။ ဒီဒေသကတော့ မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံမှော်ကြီးဖြစ်တဲ့ သပြေညိုရေနံမှော်တည်ရှိရာဒေသပါ။

သပြေညိုဆိုတာက မြိုင်မြို့နယ်ထဲက ကျေးရွာတစ်ခုပါ။ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိတဲ့ အဲဒီကျေးရွာလေးကို အခြေပြုလို့ အနီးဝန်းကျင်မိုင် ၂၀ ပတ်လည်က တောတောင်တွေမှာ ရေနံတူးသူတွေက ရေနံရှာဖွေကြလေ့ရှိပါတယ်။ ပုံတောင်ပုံညာတောင်တန်းတွေက ခွဲထွက်လာတဲ့ တောင်စွယ်၊ တောင်ကြားတွေမှာ အပြာရောင်မိုးကာစတွေ မိုးထားတဲ့ ရေနံတွင်းတွေကို နေရာစိပ်စိပ် မြင်တွေ့နေရပါတယ်။

မကွေးတိုင်းထဲမှာတော့ မင်းလှမြို့နယ်ထဲက ထန်းကိုင်းရေနံမှော်၊ ငနောင်မုန်းရေနံမှော်၊ ဒဟတ်ပင်ရေနံမှော်၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်စပ်က သပြေညိုရေနံမှော်တို့က ရေနံထွက်ရှိမှုများလှတဲ့ရေနံမှော်တွေပါ။

ရေနံလုပ်ငန်းမှာရင်းနှီးမြှုပ်နှံကြသူတွေနဲ့ ရေနံလုပ်ငန်းကိုမှီခိုနေကြရသူအများစုက ဒီဒေသမှာရှင်သန် နေထိုင်ကြပါတယ်။ ရေနံတွင်းမြေနေရာကိုပိုင်ဆိုင်တဲ့ ဒေသခံမြေပိုင်ရှင်တွေ၊ ရေနံတွင်းပိုင်တွေ၊ ရေနံပွဲစားတွေ၊ ရေနံကုန်သည်တွေ၊ ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေ၊ တွင်းတူးသမားတွေ၊ ရေနံတွင်း ကျွမ်းကျင်သူတည်ထောင်ထားတဲ့ ရေနံတွင်းဆယ်တဲ့ လုပ်ငန်းတွေ၊ ဈေးသည်တွေနဲ့ ရေနံလုပ်ငန်းနဲ့ ဆက်နွယ်သူတွေက ဒီရေနံမှော်တွေကိုအမှီပြုနေကြပါတယ်။

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါစတင်လာပြီး ကမ္ဘာ့ရေနံဈေးတွေ အောက်ဆုံးရောက်အောင် ထိုးကျသွားချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းတွေ အဓိကတည်ရှိရာ မကွေးတိုင်းထဲက ရေနံမှော်တွေမှာလည်း ထိခိုက်မှုတွေရှိလာပါတော့တယ်။

“ရေနံတွင်းတူးလိုက်တယ်၊ ရေနံမထွက်လို့ရှုံးသွားတယ်ဆိုတာ ကျွန်တော်တို့အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အခြေအနေပါ။ ပြဿနာမရှိဘူး။ တစ်ကျင်းကမထွက်လို့ အရင်းအနှီးမကုန်သေးရင် နောက်တစ်ကျင်းထပ် တူးတယ်။ အခုက ရေနံလည်းထွက်နေရက်နဲ့ ရှုံးနေတာ။ ပေပါတစ်လုံးခပ်ရတိုင်း ကိုယ့်အိတ်ထဲက ငွေပါထပ်စိုက်နေ ရတာကြုံဖူးခဲ့တာပေါ့” လို့ ရေနံလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမင်းမင်းအောင်ကဆိုပါတယ်။

မကွေးတိုင်းထဲက ပုဂ္ဂလိကရေနံမှော်တွေမှာ ရေနံရောင်းဝယ်နေကြတဲ့ဈေးက တနေရာနဲ့တနေရာ အနည်းငယ်ကွာ ခြားပေမဲ့ ရေနံဈေးအတက်အကျကတော့ ရှိနေစမြဲပါ။ မကွေးတိုင်းထဲကရေနံမှော်တွေကထွက်တဲ့ ရေနံတစ်ပေပါရဲ့ဈေးနှုန်းက တစ်ပေပါကို ကိုးသောင်းနဲ့တစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်အတွင်း တည်ငြိမ်နေတဲ့ဈေးတန်းလို့ ဆိုရမှာပါ။

“ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလကစလို့ ရေနံဈေးက တစ်ပေပါကို ခြောက်သောင်းဝန်းကျင်အထိ ကျဆင်းလာခဲ့ပါတယ်။ နိုဝင်ဘာလကစတင်လို့ ကျဆင်းလာတဲ့ ဈေးနှုန်းမှာ ရေနံလုပ်ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်းတွေ ရပ်တန့်မသွားဖို့ထိန်းပြီး လုပ်ကိုင်လာခဲ့ကြရင်း ဧပြီလဒုတိယပတ်မတိုင်မီမှာ သပြေညိုရေနံမှော်က ရေနံမှော်လုပ်ငန်း လုပ်ကိုင်ကြသူတွေအားလုံးနီးပါးက သူတို့ရဲ့ဇာတိမြေကို ပြန်သွားကြပါတော့တယ်။

“ကိုဗစ် ၁၉ ဖြစ်တော့ မှော်ပိတ်ပြီး အားလုံးပြန်ကြတယ်၊ ရေနံခပ်တဲ့သူတချို့နဲ့အစောင့်လောက်ပဲ ကျန်ခဲ့တယ်။ အရောင်းအဝယ်တွေအားလုံးရပ်ပစ်လိုက်တယ်”လို့ အဲဒီကာလက အခြေအနေကို သပြေညိုရေနံမှော်မှာ ရေနံအရောင်းအဝယ်လုပ်နေတဲ့ ကိုဇေယျာက ဆိုပါတယ်။

ဒီကာလမှာတော့ ရေနံလုပ်ငန်းက ရပ်တန့်လုအခြေအနေကို ရောက်ရှိခဲ့ပြီး တွင်းထဲက ခပ်ယူရရှိတဲ့ရေနံတွေကို လှောင်ကန်တွေတူးပြီး လှောင်ထားကြတယ်လို့ ရေနံလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဧပြီလဒုတိယပတ်အတွင်း ရေနံရောင်းဝယ်မှု ရပ်တန့်သွားတာက ဈေးကျသွားတာ တခုတည်းကြောင့်တော့မဟုတ်ပါဘူး။ မကွေးတိုင်းထဲက ရေနံမှော်တွေကနေ စစ်ကိုင်းတိုင်း မုံရွာမြို့က ကျောက်ကာရေနံချက်ဖိုတွေဆီကိုသွားတဲ့ ရေနံသယ်ပို့ရာ လမ်းတလျှောက်က မြို့တွေက ဒေသအလိုက် ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီကာလမှ ရေနံတွင်းပိုင်ရှင်တွေက သူတို့ရေနံတွင်းတွေက ထွက်ရှိနေတဲ့ရေနံတွေကို သိုလှောင်ဖို့ ဒေသခံတွေဆီကနေ မြေနေရာ ငှားရမ်းကြရပါတယ်။ ဒီနောက်မှာတော့ ဘက်ဟိုးတွေနဲ့ မြေသားကန်တွေတူးပြီး မိုးကာစတွေခံလို့ ထွက်ရှိလာတဲ့ရေနံတွေကို သိုလှောင်ထားကြရပါတော့တယ်။

ဒီကာလမှာ မင်းလှမြို့နယ်ထဲက ထန်းကိုင်းရေနံမှော်က ရေနံလုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ရေနံတွေကို ရေနံကုန်သည်တွေရဲ့ သိုလှောင်ရုံတွေမှာ အခကြေးငွေပေးပြီး သိုလှောင်ထားခဲ့ကြရပါတယ်။

“ရေနံတွေက ရောင်းရင်လည်းမကိုက်တော့ အခုလိုလှောင်ထားရတယ်။ ကိုယ့်မှာလှောင်ရမယ့်နေရာ မရှိတော့ ကုန်သည်တွေဆီမှာ တစ်ပေပါကို နှစ်ထောင်ပေးပြီးလှောင်ရတယ်”လို့ မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်က ရေနံလုပ်ငန်းရှင် ဦးဇော်ဝင်းကဆိုပါတယ်။

“ရေနံတွင်းတူးတဲ့သူတွေက ရရှိလာတဲ့ရေနံတွေကို မရောင်းနိုင်တဲ့အချိန်မှာ ရေနံကုန်သည်တွေရဲ့ ဂိုထောင်မှာ တစ်လကို ပေပါတစ်လုံးလျှင် နှစ်ထောင်ကျပ်ပေးပြီး လှောင်ထားရတဲ့အခြေအနေပါ”

မေလ ၂ ရက်မှာတော့ သပြေညိုမှော်မှာ ရေနံအရောင်းအဝယ် ပြန်လည်စတင်လာခဲ့ပါတယ်။ “ဈေးစဖွင့်တော့ တစ်ပေပါကို သုံးသောင်းခွဲက စဖွင့်ရတယ်”လို့ အဲဒီကာလက ရေနံဈေးအခြေအနေကို ကိုဇေယျာမင်းက ပြန်ပြောပြပါတယ်။

မြိုင်နှင့် ပေါက်မြို့နယ်နယ်စပ် သပြေညိုရေနံမှော်၌ ကိုဗစ် ၁၉ ကြောင့် ရေနံဈေးများထိုးမကျမီ ရေနံမှော်လုပ်သား သောင်းချီရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ဓာတ်ပုံ - နေအောင်

မြိုင်နှင့် ပေါက်မြို့နယ်နယ်စပ် သပြေညိုရေနံမှော်၌ ကိုဗစ် ၁၉ ကြောင့် ရေနံဈေးများထိုးမကျမီ ရေနံမှော်လုပ်သား သောင်းချီရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ဓာတ်ပုံ – နေအောင်

မကွေးတိုင်းထဲက ရေနံမှော်တွေမှာဖြစ်ပေါ်နေတဲ့ ရေနံဈေးက ကမ္ဘာ့ဈေးကွက်နဲ့ချိတ်ဆက်မနေဘူးလို့ ရေနံလုပ်ငန်းလုပ်ကိုင်သူအချို့က ယူဆကြတာလည်းရှိပါတယ်။ ဒီဒေသက ထွက်ရှိတဲ့ရေနံတွေကို မုံရွာမြို့မှာရှိတဲ့ ကျောက်ကာရေနံချက်ဖိုတွေမှာချက်ပြီး မြန်မာနိုင်ငံအထက်ပိုင်းက ရွှေမှော်တွေနဲ့ ကျောက်စိမ်းမှော်တွေဆီကို ရောင်းချလေ့ရှိတယ်လို့ ရေနံလုပ်ငန်းမှာ ဆယ်နှစ်ကျော်သက်တမ်း လုပ်ကိုင်ခဲ့တဲ့ ကိုဇေယျာကဆိုပါတယ်။

“ဒီဘက်ကမှော်တွေမှာ အထွက်များပြီး ကျောက်ကာမှာ ဘောက်ဆာတွေစုနေရင် ဈေးကကျချင်တယ်။ ရေနံအရောင်းပါးရင် ဈေးကပြန်မာလာတယ်” လို့ ကိုဇေယျာက ဆိုပါတယ်။ ဒီလိုဈေးကစားမှုက ပုံမှန်ကာလတွေမှာ ဖြစ်လေ့ရှိတဲ့ဈေးကစားမှုဖြစ်ပြီး ကိုဗစ် ၁၉ ကာလမှာတော့ ဈေးနှုန်းမတည်ငြိမ်မှုက အကြောင်းရင်းများစွာ ဆက်စပ်နေလိမ့်မယ်လို့ သူကမှန်းဆပါတယ်။

ရေနံဈေးက မေလဒုတိယပတ်မှာ တစ်ပေပါကို ငါးသောင်းခွဲဈေးရှိခဲ့ပြီး မေလနောက်ဆုံးပတ်မှာတော့ တစ်ပေပါကို ခြောက်သောင်းခွဲအထိ ဈေးနှုန်းတက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဈေးက ရက်ပိုင်းသာတည်ငြိမ်နေခဲ့ပြီး အခုရက်ပိုင်းမှာတော့ တစ်ပေပါကိုငါးသောင်းကျပ်ကို ပြန်လည်ကျဆင်းနေတယ်လို့ ရေနံလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။

“ဒီထက်ဆက်ပြီးကျနေရင်တော့ ဘယ်သူကမှ တောင့်ခံနိုင်မယ်မထင်ဘူး။ အစောင့်တွေလောက်ပဲ ထားခဲ့ပြီး နောက်တစ်ကြိမ်အိမ်ပြန်ကြရဦးမလား စိုးရိမ်မိတယ်” လို့ ကိုဇေယျာက ဆိုပါတယ်။

မတ် ၁၅ မှစ၍ ရေနံမရောင်းရသဖြင့် သပြေညိုရေနံမှော်မှ လူအများစု ထွက်ခွာသွားကြသော်လည်း တွင်းပိုင်ရှင်တို့က ရေနံခပ်ယူရန်နှင့် ပစ္စည်းများစောင့်ရှောက်ရန် လုပ်သားအနည်းငယ် ဆက်ထားထားနေရသည်။ ဓာတ်ပုံ - နေအောင်

မတ် ၁၅ မှစ၍ ရေနံမရောင်းရသဖြင့် သပြေညိုရေနံမှော်မှ လူအများစု ထွက်ခွာသွားကြသော်လည်း တွင်းပိုင်ရှင်တို့က ရေနံခပ်ယူရန်နှင့် ပစ္စည်းများစောင့်ရှောက်ရန် လုပ်သားအနည်းငယ် ဆက်ထားထားနေရသည်။ ဓာတ်ပုံ – နေအောင်

မကွေးတိုင်းထဲက ရေနံမှော်တွေမှာဖြစ်ပေါ်နေတဲ့ ရေနံဈေးက ကမ္ဘာ့ဈေးကွက်နဲ့ချိတ်ဆက်မနေဘူးလို့ ရေနံလုပ်ငန်းလုပ်ကိုင်သူအချို့က ယူဆကြတာလည်းရှိပါတယ်။ ဒီဒေသက ထွက်ရှိတဲ့ရေနံတွေကို မုံရွာမြို့မှာရှိတဲ့ ကျောက်ကာရေနံချက်ဖိုတွေမှာချက်ပြီး မြန်မာနိုင်ငံအထက်ပိုင်းက ရွှေမှော်တွေနဲ့ ကျောက်စိမ်းမှော်တွေဆီကို ရောင်းချလေ့ရှိတယ်လို့ ရေနံလုပ်ငန်းမှာ ဆယ်နှစ်ကျော်သက်တမ်း လုပ်ကိုင်ခဲ့တဲ့ ကိုဇေယျာကဆိုပါတယ်။

“ဒီဘက်ကမှော်တွေမှာ အထွက်များပြီး ကျောက်ကာမှာ ဘောက်ဆာတွေစုနေရင် ဈေးကကျချင်တယ်။ ရေနံအရောင်းပါးရင် ဈေးကပြန်မာလာတယ်” လို့ ကိုဇေယျာက ဆိုပါတယ်။ ဒီလိုဈေးကစားမှုက ပုံမှန်ကာလတွေမှာ ဖြစ်လေ့ရှိတဲ့ဈေးကစားမှုဖြစ်ပြီး ကိုဗစ် ၁၉ ကာလမှာတော့ ဈေးနှုန်းမတည်ငြိမ်မှုက အကြောင်းရင်းများစွာ ဆက်စပ်နေလိမ့်မယ်လို့ သူကမှန်းဆပါတယ်။

သပြေညိုရေနံမှော်မှ တွင်းပိုင်ရှင်များက ရေနံဈေးပြန်ကောင်းလာပါက ရောင်းရန် ရေနံလှောင်နိုင်သည့် နေရာများ၌ ရေနံများလှောင်ထားကြသည်။ ဓာတ်ပုံ - နေအောင်

သပြေညိုရေနံမှော်မှ တွင်းပိုင်ရှင်များက ရေနံဈေးပြန်ကောင်းလာပါက ရောင်းရန် ရေနံလှောင်နိုင်သည့် နေရာများ၌ ရေနံများလှောင်ထားကြသည်။ ဓာတ်ပုံ – နေအောင်

ရေနံဈေးက မေလဒုတိယပတ်မှာ တစ်ပေပါကို ငါးသောင်းခွဲဈေးရှိခဲ့ပြီး မေလနောက်ဆုံးပတ်မှာတော့ တစ်ပေပါကို ခြောက်သောင်းခွဲအထိ ဈေးနှုန်းတက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဈေးက ရက်ပိုင်းသာတည်ငြိမ်နေခဲ့ပြီး အခုရက်ပိုင်းမှာတော့ တစ်ပေပါကိုငါးသောင်းကျပ်ကို ပြန်လည်ကျဆင်းနေတယ်လို့ ရေနံလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။

“ဒီထက်ဆက်ပြီးကျနေရင်တော့ ဘယ်သူကမှ တောင့်ခံနိုင်မယ်မထင်ဘူး။ အစောင့်တွေလောက်ပဲ ထားခဲ့ပြီး နောက်တစ်ကြိမ်အိမ်ပြန်ကြရဦးမလား စိုးရိမ်မိတယ်” လို့ ကိုဇေယျာက ဆိုပါတယ်။

သပြေညိုရေနံမှော်မှ လှည့်လည်ရောင်းချသည့် ဈေးကားတစ်စီး။ ဓာတ်ပုံ - နေအောင်

သပြေညိုရေနံမှော်မှ လှည့်လည်ရောင်းချသည့် ဈေးကားတစ်စီး။ ဓာတ်ပုံ – နေအောင်

ရင်းနှီးမြှုပ်နှံစရိတ် ကြီးမားခြင်း

မင်းလှမြို့နယ်ထဲက ရေနံမှော်တွေမှာတော့ ကိုဗစ် ၁၉ ကာလမှာ ရေနံဈေးက ကျပ် ၃၂,၀၀၀ အထိကျဆင်းခဲ့ပြီး ရေနံအရောင်းအဝယ်ကလည်း အေးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ လတာအတွင်း ရေနံဈေးကျဆင်းမှုအတိုင်းအတာက ရေနံထုတ်လုပ်တဲ့ ကုန်ကျစရိတ်ထက်ပိုပြီးမြင့်နေတာကြောင့် ရေနံလုပ်ငန်းရှင်တွေအတွက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ရေနံလုပ်ငန်းနဲ့ပတ်သက်သူတွေအနေနဲ့ ဒီနေ့ရက်တွေက ရေနံတွင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူတွေအတွက် မမေ့နိုင်စရာနေ့စွဲတွေလို့ဆိုရမှာပါ။

မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်။ ရေနံတစ်စည် ကျပ် ၅၀,၀၀၀ ရှိပြီး သပြေညိုမှာထက် ကျပ် ၁၅,၀၀၀ သက်သာသည်။ ဓာတ်ပုံ - နေအောင်

မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်။ ရေနံတစ်စည် ကျပ် ၅၀,၀၀၀ ရှိပြီး သပြေညိုမှာထက် ကျပ် ၁၅,၀၀၀ သက်သာသည်။ ဓာတ်ပုံ – နေအောင်

“အလုပ်သမားစရိတ်လောက်ပဲ ရတယ်”

“ရေနံဈေးကျသွားတော့ အလုပ်သမားစရိတ်လောက်ပဲ ရတော့တယ်။ တကယ်ရေနံအထွက်နည်းသွားတဲ့အချိန်မှာ ရှုံးတာတွေလည်းရှိတယ်။ တနေ့တစ်လုံးရနေတဲ့အချိန်ကျ မဆိုးဘူး၊ နည်းနည်းပါးပါးတော့ကျန်တယ်။ ရေနံက ဈေးကျပေမဲ့ အလုပ်သမားစရိတ်က မကျဘူးလေ”လို့ မင်းလှမြို့နယ်ထန်းကိုင်းရေနံမှော်က ရေနံတွင်းတူး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ဦးခင်မောင်ဝင်းကဆိုပါတယ်။ သူက လွန်ခဲ့တဲ့ ခုနစ်နှစ်ဝန်းကျင်ကတည်းက မင်းလှမြို့နယ်ထဲက ရေနံမှော်တွေမှာ ရေနံတွင်းတူးလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့တာဖြစ်ပြီး ရေနံဈေးနှုန်းကျဆင်းမှုက ပုံမှန်မဟုတ်တဲ့ ငွေကြေးကုန်ကျစရိတ်ကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ မင်းလှမြို့နယ်ထဲက ရေနံတွင်းတွေမှာ ရေနံခပ်တဲ့လုပ်သားတစ်ယောက်အတွက် တစ်နေ့ကို တစ်သောင်းကျပ်လောက် ပေးချေရပြီး ရေနံခပ်ဖို့အတွက် အနည်းဆုံးအလုပ်သမားနှစ်ဦးထားရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာ ရေနံဈေးကျနေပေမဲ့ ရေနံခပ်ယူမှုကိုလည်း ရပ်တန့်ထားလို့ မရဘူးလို့ ရေနံလုပ်ငန်းရှင် တွေက ဆိုပါတယ်။

“ရေနံက မခပ်ဘဲထားလိုက်ရင် တွင်းကကျပ်သွားတယ်။ တချို့ဆိုပြန်ပိတ်သွားတာမျိုးတွေလည်းရှိတယ်။ ဒီတော့ ခပ်ကိုခပ်နေကြရတယ်”လို့မင်းလှမြို့နယ်ထန်းကိုင်းကျေးရွာက ဒေါ်ကျော့ကျော့က ဆိုပါတယ်။

ဒေါ်ကျော့ကျော့က ထန်းကိုင်းကျေးရွာခံတစ်ဦးဖြစ်ပြီး သူပိုင်တဲ့ယာမြေနေရာတွေမှာ ရေနံတွင်းတူးဖို့ လုပ်ငန်းရှင် တွေကို မြေရောင်းချတဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်ပါတယ်။ သူ့ကိုယ်ပိုင်ရေနံတွင်းတွေ တူးထားသလို သူပိုင်တဲ့ ယာမြေမှာ ရေနံတူးဖော်ဖို့ ရေနံတွင်းအတွက် မြေနေရာရောင်းချမှုကိုလည်း လုပ်ဆောင်နေသူပါ။ ရေနံတွင်း တစ်ပေါက်စာ မြေနေရာအတွက် ငွေကျပ် ငါးသိန်းကနေ သိန်း နှစ်ဆယ်လောက်အထိ ဈေးရရှိတယ်လို့ သူက ဆိုပါတယ်။

ဆီပေပါတစ်လုံးအတွက်အရင်းအနှီးက ငါးသောင်းဝန်းကျင်ရှိပြီး ဆီဈေးက တစ်ပေပါကို ကျပ်ငွေလေးသောင်းခွဲ ကနေ ၅သောင်းဝန်းကျင်သာ ရောင်းချနေရတဲ့အတွက် ရေနံလုပ်ငန်းက အရှုံးပေါ်တဲ့အခြေအနေလို့ ရေနံတူးသူတွေက ဆိုကြပါတယ်။

မကွေးမြို့နယ် လက်ယက်တွင်းများရှိရာ ရေနံမြေ

မကွေးမြို့နယ် လက်ယက်တွင်းများရှိရာ ရေနံမြေ

“ရေနံတူးတာ ခုနစ်နှစ်‌လောက်ရှိပြီ။ ဒီလိုအခြေအနေမျိုး တခါမှမကြုံဖူးဘူး” လို့ရေနံတွင်းလုပ်ငန်းလုပ်ကိုင်တဲ့ ဦးခင်မောင်ဝင်းကဆိုပါတယ်။

မင်းလှမြို့နယ်ထဲက ရေနံမှော်တွေက ရေနံလုပ်ငန်းမှာ အရင်းအနှီးနည်းတယ်လို့ဆိုရမှာဖြစ်ပြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်စပ်က ရေနံမှော်တွေမှာတော့ ရေနံကျင်းတစ်ခုတူးနိုင်ဖို့ အနည်းဆုံး ကျပ်ငွေသိန်း နှစ်ရာ ဝန်းကျင် ကုန်ကျတယ်လို့ သပြေညိုရေနံမှော်က ရေနံလုပ်ငန်းလုပ်ကိုင်သူ ဦးမာကဆိုပါတယ်။

“ဒီမှော်က အရင်းအနှီးကြီးတယ်။ ဆယ်ကျင်းတူးရင် ၂ ကျင်းကနေ ၃ ကျင်းလောက်ပဲ အောင်တယ်။ မြေပေါက်ဈေးကလည်းမြင့်တယ်။ ဒါပေမဲ့ ဒီမှာက

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar