မြန်မာ-အိန္ဒိယနယ်စပ်နှစ်ဖက်စလုံးရဲ့ စစ်ရှောင်စခန်းမှာနေထိုင်နေကြတဲ့ ကူကီးလူမျိုးတွေဟာ နေထိုင်စားသောက်ရေးတွေမှာ အခက်ခဲတွေ နဲ့ကြုံတွေ့နေရပါတယ်။ ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာတော့ အစာရေစာပြတ်လတ်မှုတွေကို ရင်ဆိုင်နေရတဲ့ တမူးမြို့အနီးက စစ်ဘေးရှောင်စခန်းမှာနေထိုင်နေကြတဲ့ သူတွေနဲ့ မလုံခြုံတဲ့အခြေနေမှာနေထိုင်နေရတဲ့ အိန္ဒိယဘက်ခြမ်းက ကူကီးလူမျိုးတွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။