မော်တော်ယာဉ် မောင်းနှင်နေစဉ် Seat Belt မတပ်ပါက အရေးယူတော့မည်

မော်တော်ယာဉ်မောင်းနှင်စဉ် ခါးပတ် (Seat Belt) မတပ်သော မော်တော်ယာဉ်များကို လာမည့် ဇန်နဝါရီလမှ စတင်ကာ ဖမ်းဆီး အရေးယူတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ထုတ်ပြန်ချက်အရ ခရီးသွားပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ရည်ရွယ်လျှက် ဇန်နဝါရီလက စတင်ကာ Seat Belt မတပ်ဆင်သော ယာဉ်များအားလုံးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ရာ ယခုလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိကိုမူ ပညာပေးကာလအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မောင်းသူအများစုက Seat Belt တပ်ရန် အသိမရှိကြသေးဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

“မြန်မာပြည်မှာ လူတွေက Seat Belt တပ်ရမှာပျင်းတော့ ဆိုင်တွေက အရုပ်တွေကိုဝယ်ပြီး အလှလေးတွေလုပ်ပြီး သတိပေးချက် (Alarm) မြည်တာကို နားငြီးသက်သာအောင်ဆိုပြီးတော့ ထိုးထည့်ထားကြတယ်။ အဲဒါကြောင့် မတော်တဆမှု တစ်ခုခု ဖြစ်ရင် ကျွန်တော်တို့မှာ အသည်းအသန်ဖြစ်ရတာပေါ့” ဟု ၎င်းကပြောသည်။

“Seat Belt တပ်လျက် မတော်တဆမှု တစ်ခုဖြစ်ရင်တောင် အဲဒါကခရီးသည်ကို အများကြီး မထိခိုက်စေဘူး။ အလားတူပဲ ကြိုးတပ်ထားတော့ နောက်က လူတစ်ယောက်ကနေပြီးတော့ သိုင်းဖက်ထားသလိုပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မော်တော်ယာဉ် မတော်တဆမှုများကြောင့် လူပေါင်း ၂,၁၅၉ သေဆုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်မောင်းနှင်နေစဉ် ယာဉ်မောင်းသူအပါအဝင် ခရီးသည်များပါ Seat Belt တပ်ဆင်ရန် လိုအပ်သည်။ အဆိုပါ သတ်မှတ်ချက်အား ချိုးဖောက်ပါက ကျပ် ၃၀,၀၀၀ ထက်မကျော်သည့် ဒဏ်ငွေပေးဆောင်ရမည်ဟုလည်း ဥပဒေတွင် ဖော်ပြထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.