ပစ်ကပ်ကား အမျိုးအစားသစ် New Ranger ကို ဖို့ဒ် မိတ်ဆက်

ပစ်ကပ် ကားအမျိုးအစားသစ်တစ်မျိုးဖြစ်တဲ့ New Ranger ကို ဖို့ဒ်မြန်မာ (Ford Myanmar) နဲ့ Capital Automotive Co.,Ltd တို့က မိတ်ဆက်ပေးလိုက်ပါတယ်။

“တကယ့်ကို တောင့်တင်းခိုင်မာပြီး ရုပ်ထွက်ကြမ်းကြမ်း၊ နောက်ဆုံးပေါ် ခေတ်မီတဲ့ လုပ်ဆောင်နိုင်မှုတွေနဲ့ New Ranger ကို တည်ဆောက်ပေးထားပါတယ်။ ခိုင်မာ တောင့်တင်းတယ်။ ဈေးကွက်ထဲမှာလည်း နေရာ ကျယ်ကျယ်ပြန့်ပြန့် ရရှိပြီးသားဖြစ်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်” လို့ ဖို့ဒ်မြန်မာကုမ္ပဏီရဲ့ အာရှပစိဖိတ် ဈေးကွက်မန်နေဂျင်းဒါရိုက်တာ တရောင်ကင်မ်ဖောင်းက ပြောပါတယ်။

ပြည်တွင်းဈေးကွက်မှာ New Ranger ကားအမျိုးအစား သုံးမျိုးဖြစ်တဲ့ Wildtrak၊ XLT နဲ့ XL တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ကားမောင်းသမားတွေ လိုချင်တဲ့ ယာဉ်မောင်းနှင်မှု ပုံစံမျိုးကို ကျွန်တော်တို့ သိထားပြီးဖြစ်ပါတယ်။ သူတို့ရဲ့ ပစ်ကပ်ကားတွေမှာ သက်တောင့်သက်သာ ရှိရမယ်။ ခရီးသည်တင် မော်တော်ယာဉ်ကား အမျိုးအစားတွေမှာဆိုရင် နောက်ဆုံးပေါ် လုပ်ဆောင်ရည်တွေရှိဖို့နဲ့ ထရပ်ကားတွေလို တောင့်တင်းခိုင်ခံ့ပြီး အကြမ်းခံ မာကြောဖို့ကို လိုချင်ကြတယ် ဆိုတာပါပဲ။ ဒီအတွက်ကြောင့်လည်း သူတို့တွေရဲ့ လိုအပ်ချက်အတွက် ကျွန်တော်တို့ ကားအမျိုးအစားအသစ်အပေါ် ယုံကြည်စိတ်ချမှု ရှိပါတယ်” လို့ Capital Automotive က အထွေထွေမန်နေဂျာ ဒေးဗစ်စတော့တာက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar