အောင်လအန်ဆိုင်းက ပတ်စတာနာ့ခ်ကို သုံးချီပြည့် ထိုးသတ် အနိုင်ယူ

ရန်ကုန်မြို့၊ သုဝဏ္ဍအားကစားပြိုင်ပွဲရုံတွင် အောက်တိုဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် One Championship ဘက်စုံကိုယ်ခံပညာသုံးပြိုင်ပွဲ (MMA) တွင် အောင်လအန်ဆိုင်းက ပြိုင်ဘက်ပိုလန်နိုင်ငံသားကို အနိုင်ရရှိခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ရန် ၎င်း၏ ရည်မှန်းချက်သည် အလားအလာ ကောင်းမွန်နေသည်။

အောင်လအန်ဆိုင်းသည် ယခုနှစ်အတွင်း ထိုးသတ်ခဲ့သော ပွဲစဉ်သုံးခုလုံးတွင် အနိုင်ရရှိထားပြီး ဖြစ်သည်။

ယမန်နေ့ညက ပြိုင်ပွဲတွင် အောင်လအန်ဆိုင်းက ပြိုင်ဘက် ပိုလန်နိုင်ငံသား မိုက်ကယ်ပတ်စတာနာ့ခ်တို့ သုံးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမနှင့် ဒုတိယအချီ နှစ်ချီလုံးနီးပါးတွင် အောင်လအန်ဆိုင်းက ၎င်း အချိန်ယူ ပြင်ဆင်ခဲ့သည်ဟုဆိုသော လက်ဝှေ့ပညာပိုင်းနှင့် ပတ်စတာနာ့ခ်ကို ဆက်တိုက် ဖိအားပေးတိုက်ခိုက်ခဲ့သည်။ ဒုတိယအချီ၏ သုံးမိနစ်ကျော်တွင် ပတ်စတာနာ့ခ်က အောင်လအန်ဆိုင်း လဲကျသွားမှုကို အခွင့်ကောင်းယူ၍ ပြန်လည် ဖိအားပေးထိုးသတ်ခဲ့သည်။ တတိယအချီ တစ်လျှောက်လုံးတွင် အောင်လအန်ဆိုင်းက ပတ်စတာနာ့ခ်ကို အကြိတ်အနယ် ရင်ဆိုင်ထိုးသတ်ကာ အနိုင်ရခဲ့သည်။

အိမ်ရှင်မြန်မာပရိသတ်၏ တစ်ခဲနက်အားပေးမှုကို ရရှိထားသူ ကချင်လူမျိုး မြန်မာ့စပါးကြီး (Burmese Python) ဟု အမည်တွင်သည့် အောင်လအန်ဆိုင်းက အနိုင်င်ရရှိပြီးနောက် “အခုကချင်ပြည်မှာ စစ်ဖြစ်နေတယ်။ ကျေးဇူးပြု၍ အားလုံး ကူညီနိုင်သလောက် ကူညီပါ။ မြန်မာလူမျိုးက စုပေါင်းလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်” ဟူ၍ ပြောကြားခဲ့သည်။

၎င်းသည် MMA လောကတွင် နောက်ထပ်အနည်းဆုံး လေးနှစ်ခန့် ဆက်လက်ကစားရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

ယခုကျင်းပခဲ့သည့် MMA ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် ကျင်းပခဲ့သည့် ပွဲဖြစ်ကာ တွဲဆိုင်းကိုးတွဲ ပါဝင်ခဲ့သည်။ ပြည်တွင်းမှ ကစားသမားများ ပါဝင်သော ပွဲစဉ်ငါးပွဲနှင့် ပြည်ပကစားသမားများ ထိုးသတ်သောပွဲ လေးပွဲဖြစ်သည်။

ဖယ်သာဝိတ်တန်း ပြည်တွင်းပွဲစဉ်၊ ဆီမီးဖိုင်နယ်အဆင့်တွင် ဖိုးသော်က ကပ္ပလီကို ၂၁ စက္ကန့်အတွင်း အလဲထိုးနိုင်ခဲ့ပြီး စောရန်ပိုင်က ရဲရင့်အောင်ကို နှစ်ချီပြည့်ထိုးသတ်ကာ အနိုင်ရရှိခဲ့သည်။ ဖိုင်နယ်အဆင့်တွင် စောရန်ပိုင်သည် ဖိုးသော်၏ ဆက်တိုက် လက်သီးချက်များကြောင့် ဆက်လက်ထိုးသတ်နိုင်ခြင်းမရှိပဲ အရှုံးပေးခဲ့ရပြီး ဖိုးသော်သည် ပြည်တွင်း အငယ်တန်းဝိတ်တန်း ချန်ပီယံဖြစ်လာသည်။ အခြားသော ပြည်တွင်းပွဲစဉ်အဖြစ် စောဘဦးနှင့် ကြယ်စင်ဖြိုးတို့ ထိုးသတ်ခဲ့ပြီး ပထမတစ်ချီလုံး အသာစီးရခဲ့သော စောဘဦးသည် ဒုတိယတစ်ချီ၌လည်း ကြယ်စင်ဖြိုးကို အဆက်မပြတ် ထိုးသတ်ခဲ့ရာ ၂ မိနစ် ၃၂ စက္ကန့်တွင် ကြယ်စင်ဖြိုးက အရှုံးပေးခဲ့ရသည်။

ပြည်ပ ဘန်တမ်ဝိတ်တန်းပွဲစဉ်များတွင် မတ်မောက်မိုဟန်က ဘတ်ရှဲအာမတ်ကို ပထမအချီ တစ်မိနစ်၂၃ စက္ကန့်တွင် ဆက်လက် ထိုးသတ်နိုင်ခြင်းမရှိသည့်အတွက် အရှုံးပေးခဲ့ရပြီး ယူဆပ်ဆာဒူလာမ်က ဂျော်ဒန်လူးကပ်ကို ပထမအချီ ၄ မိနစ် ၂၈ စက္ကန့်အတွင်း အနိုင်ထိုးသတ်ခဲ့သည်။ မူအင်ဂါဖူရော့ဖ်နှင့် ကီဗင်ဘယ်လင်ဂွန်တို့ပွဲစဉ်တွင် သုံးချီပြည့် ထိုးသတ်ခဲ့ရာ မူအင်ဂါဖူရော့ဖ်ကအနိုင်ရခဲ့သည်။

ထို့နောက် ချန်ပီယံစိန်ခေါ်ပွဲအဖြစ် စထရောလ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ယိုရှီတာကာနာအီတိုက စိန်ခေါ်သူ ဖိလစ်ပိုင်လူမျိုး ပက်စီအိုကို ဒုတိယအချီ ၁ မိနစ် ၃၃ စက္ကန့်အထိ ထိုးသတ်ကာ ၎င်း၏ ချန်ပီယံဘွဲ့ကိုကာကွယ်သွားသည်။

သတင်း-ဖြိုးသီရိသူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.