အောင်လအင်န်ဆန်နဲ့ ဘရန်ဒွန်ဗိယာတို့ အောက်တိုဘာတွင် တိုကျို၌ ထိုးသတ်မည်

အောင်လအင်န်ဆန်ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ဘရန်ဒွန်ဗီယာနဲ့ လာမယ့်အောက်တိုဘာလမှာ ထိုးသတ်မယ်လို့ ကြေညာလိုက်ပါတယ်။

ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို တတိယအကြိမ်မြောက် လတ်လတ်ဆတ်ဆတ် ကာကွယ်ထားတဲ့ အောင်လကို ဗီယာက ကြိုးဝိုင်းထဲ ဝင်ရောက်စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

အောင်လဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆယ်ဂါဝါနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မတ် ၃၁ ရက်နေ့က ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲမှာ အောင်လက ဟဆယ်ဂါဝါကို နှစ်ချီအတွင်း အလဲထိုး အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဗီယာက ကြိုးဝိုင်းအတွင်း ဝင်ရောက်လာကာ အောင်လကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားရဲ့ ဒီည အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် မစ္စတာအောင်လ။ ခင်ဗျားက ယောင်္ကျားတွေထဲကမှ တကယ့်ကို ယောင်္ကျားဘသားတစ်ယောက်ပါ” လို့ ဗီယာက ပြောပါတယ်။

“ကျွန်တော်တောင်းဆိုချင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့နှစ်ယောက်လုံး ကျန်းမာရေး ကောင်းမွန်တယ်ဆိုရင်၊ အဆင်ပြေတယ်ဆိုရင် လာမယ့်အောက်တိုဘာလကျရင် ဒီဂျပန်မှာ ကျွန်တော်နဲ့ ခင်ဗျားတွေ့ကြမယ်။ ပြီးရင် လိုက်ဟဲဗီးဝိတ်ခါးပတ်အတွက် ကျွန်တော်ခင်ဗျားကို စိန်ခေါ်မယ်” လို့ ဗီယာက ပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အောင်လက ဒီစိန်ခေါ်မှုကို မဆိုင်းမတွပဲ လက်ခံခဲ့ပါတယ်။

“ကျွန်တော်က ဘရာဒွန်ဗီယာရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာကျရင် သူနဲ့ တိုက်ခိုက်ရမှာက တကယ့်ကို ဂုဏ်ယူစရာပါပဲ” လို့ အောင်လက ပြောပါတယ်။

ဓာတ်ပုံ-One Championship

ဓာတ်ပုံ-One Championship

ONE: GREATNESS UNLEASHED လို့ အမည်ပေးမယ့် အဲဒီစိန်ခေါ်ပွဲကို တိုကျိုမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

UFC တိုက်ခိုက်ရေးသမားဟောင်းတစ်ဦးဖြစ်သူ ဘရန်ဒွန်ဗီယာဟာ ONE Championship ကို ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးပွဲလုံးဝမရှိသေးတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.