ရခိုင်အရေးနှင့် ပတ်သက်၍ ဝေဖန်ခံခဲ့ရသည့် ကုလသမဂ္ဂ ထိပ်တန်းအရာရှိ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းနှင့် ပတ်သက်သည့် အရေးယူဆောင်ရွက်မှုကို တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံခဲ့ရမှု ကြုံတွေ့ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေညိနှိုင်းရေးမှူးဖြစ်သူ မစ္စရီနာတာ လော့ခ်ဒက်ဆယ်လီယန်သည် ယခုလအကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်သည်။

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းဌာနေရာထူးကို ၂၀၁၄ ခုနှစ်က ရယူခဲ့သော လော့ခ်ဒက်ဆယ်လီယန်သည် မြန်မာနိုင်ငံတွင် လုပ်ရမည့်အလုပ်ကို မလုပ်ကြောင်း သိသာထင်ရှားသည်ဟု ကုလအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်ထံသို့ ပြီးခဲ့သည့် ဧပြီလက ပေးပို့သော စာတစ်စောင်တွင် စွပ်စွဲခံခဲ့ရသည်။ လော့ခ်ဒက်ဆယ်လီယန်သည့် မြန်မာအစိုးရနှင့် အားကောင်းသည့် ဆက်ဆံရေးထူထောင်ရန်ကိုသာ ဦးစားပေးနေပြီး ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးကိစ္စများကိုမူ ဘေးဖယ်ထားသည်ဆိုသည့် စွပ်စွဲချက်နှင့်အတူ ၎င်းအား ခန့်အပ်ပြီးကတည်းက တင်းမာမှုများကြောင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အပေါ်တွင် ဖိစီးမှုများရှိနေသည်။

သူမ၏ ရာထူးသက်တမ်းအတွင်း လော့ခ်ဒက်ဆာလီယန်သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းထံသို့ သွားရောက်ခြင်းအား တားဆီးရန် ကြိုးပမ်းခဲ့ဖူးပြီး ရခိုင်ပြည်နယ်တွင် လူမျိုးရေးသန့်စင်မှုအန္တရာယ် ကြီးမားကြောင်း သတိပေးရန် ကြိုးပမ်းသည့် ဝန်ထမ်းများကိုလည်း နှောက်ယှက်ခဲ့သည်ဟု မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော ကုလအရာရှိဟောင်းအချို့က ပြောကြားကြသည်။ ဖြစ်စဉ်တစ်ခုတွင် ရခိုင်ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် ပတ်သက်သည့် လူသိရှင်ကြား ထုတ်ပြန်ချက်များ မပြုလုပ်ရန်နှင့် ၂၀၁၄ ခုနှစ်က မြန်မာသို့ ၎င်း၏ နောက်ဆုံးခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်းမပြုရန် ကုလအထူးကိုယ်စားလှယ် မစ္စတာ တောမက်စ်အိုဂျီးကွင်တာနာကို လော့ခ်ဒက်ဆယ်လီယန်က တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ ဌာနေညိနှိုင်းရေးမှူရုံးမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ မစ္စကယ်ရိုလိုင်း ဗန်ဒင်နာဘီးလ်ကလည်းလော့ခ်ဒက်ဆယ်လီယန်၏ လက်ထက်တွင် ရခိုင် ရိုဟင်ဂျာသိုင်းအဝိုင်းနှင့် ပတ်သက်သည့် ပြဿနာများဆွေးနွေးခြင်းကိုလည်း လုံးဝအားမပေးဟု စက်တင်ဘာလက ဘီဘီစီသို့ ပြောကြားခဲ့သည်။

“ရှင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်တွေတော့ရှိတယ်” ဟု သူမက ဆိုသည်။ နောက်ပြီး ရှင့်ကို နောက်ဘယ်တော့မှ အစည်းအဝေးတွေ မဖိတ်တော့တာမျိုး၊ ရှင့်ရဲ့ ခရီးသွားခွင့်တွေက မရေရာတော့တာမျိုး မကောင်းတဲ့ အကျိုးဆက်တွေ ရှိပါတယ်။ အခြားဝန်ထမ်းတွေလည်း အလုပ်မရှ ဖြစ်သွားခဲ့တာမျိုး၊ နောက်ပြီး အစည်းအဝေးတွေမှာ အရှက်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒီအကြောင်းတွေ မပြောတဲ့ ဝန်းကျင်တစ်ခု ဖန်တီးခဲ့တယ်” လို့ သူမကဆိုသည်။

မြန်မာနိုင်ငံမှ လော့ခ်ဒက်ဆယ်လီယန်က ပြန်လည်ထွက်ခွာရတော့မည့်သတင်းမှာ ယခုနှစ်အစောပိုင်းတွင် ပထမဆုံး ထွက်ပေါ်လာခဲ့သည်ဟု ဌာနေ ညိနှိုင်းရေးမှူးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ စတန်နစ္စလက်စတာလင်က အောက်တိုဘာ ၁၃ ရက်နေ့တွင် Frontier ကို ပြောကြားခဲ့သည်။ နောက်ထပ် အသိပေးချက်တစုံတရာ မထုတ်ပြန်မချင်း အဆိုပါရာထူးတွင် လော့ခ်ဒက်ဆယ်လီယန်က ဆက်လက် တာဝန် ထမ်းဆောင်ရမည်ဟူသည့် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခြင်းဖြစ်သည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁၃ ရက်နေ့တွင် ပြောကြားထားသကဲ့သို့ သူမ၏ လုပ်ဆောင်ချက်များအတွက် အမြဲတစေ တန်ဖိုးထားသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သူမ၏ ထွက်ခွာမှုက ရခိုင်ပြည်နယ်ကိစ္စအား ကိုင်တွယ်ခဲ့ပုံ၏ အကျိုးဆက် ဟုတ်မဟုတ်နှင့် ပတ်သက်၍ စတာလင်က နောက်ထပ် သုံးသပ်ချက် မပေးပေ။

ရခိုင်ပြည်နယ်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုများအပြင် ကုလသမဂ္ဂ၏ အတိုက်အခိုက်များသည့် လုပ်ငန်းခွင့်သဘာဝကြောင့် လော့ခ်ဒက်ဆာလီယန်မှာ ၎င်းရာထူးသက်တမ်း ငါးနှစ်မပြည့်မီ အချိန်စော၍ ရွှေ့ပြောင်းခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ကုလ အရာရှိအချို့က Frontier ကိုပြောကြားသည်။

သတင်း-ရှောင် ဂလေဆင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar